Unicode
တိတ်ဆိတ်နေသည် ။ တစ်အိမ်လုံးက သိပ်ကိုတိတ်ဆိတ်ငြိမ်သက်နေ၏ ။ ပါးက စားပွဲခုံအပေါ်ကို လက်နှစ်ဖက်လုံးတင်ထားပြီး ထိုလက်နှစ်ဖက်လုံးကိုလည်းအကြောများထအောင်ပင် ခပ်တင်းတင်းဆုပ်ထားသေးသည် ။ နီရဲနေသောပါး၏မျက်နှာပြင်နှင့် အံကိုကြိတ်ထားသဖြင့်ထင်းနေသောမေးရိုးက ပါး၏စိတ်ခံစားချက်များကို ထင်ထင်ရှားရှားပေါ်လွင်စေ၏ ။
မျက်လုံးအိမ်အတွင်းမှ အလိုလိုစီးကျလာသည့်မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်ဖယ်လိုက်ကာ
" ပါး "
ဟု အသံတိုးတိုးဖြင့်ခေါ်မိသော်လည်း ပါးကတော့ ကြားဟန်မတူချေ ။ အချိန်ခဏလေးအတွင်း ဖြစ်ပေါ်လာသည့် အခြေအနေများမှာ တော်တော်လေးပြင်းထန်သောအခါ လက်ခံရန်လည်းမလွယ်ကူပေ ။
" ပါး "
နောက်ထပ်တစ်ကြိမ်ထပ်ခေါ်မှ ပါး၏အကြည့်က သူ့ဆီကိုရောက်လာ၏ ။ ပါး၏မျက်လုံးအိမ်တွင်ဖြစ်ပေါ်နေသည့် ပြိုလဲမှုကြောင့် သူပါ နောက်ထပ်တစ်ကြိမ်ပြိုလဲရပြန်သည် ။
" ရရဲ့လား ပါး "
ပါးက ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်းပြလာ၏ ။
" မားတို့ ဘယ်လိုလုပ်ကြမလဲ ပါးရယ်...ဟင်...မားတို့ ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ "
မားဆီမှ ထွက်လာသည့်အသံမှာ ခပ်အစ်အစ် ။ မား၏မျက်လုံးများကလည်း နီရဲမို့အစ်နေသည် ။ မားကမေးလာသော်လည်း သူ့ထံတွင် အဖြေရှိမနေပေ ။ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်ပြောင်းလဲသွားသည့် အခြေအနေကြောင့် မည်ကဲ့သို့လုပ်ရမှန်းကို ဦးနှောက်မှ မတွေးနိုင်တော့ ။ သူ ခံစားနေရသလို မားလည်း ခံစားနေရလိမ့်မည် ။ သို့သော်လည်း ယခုစိတ်အခြေအနေနှင့် မားကို နှစ်သိမ့်ပေးရန်အတွက် သူ့မှာ ခွန်အားမရှိ ။
သူ မှားသွားပြီလား ။ မျိုးနိုင်ရဲ့စကားကြောင့် စိတ်အေးအေးထားပြီးဆုံးဖြတ်ဖို့စဉ်းစားခဲ့ပေမဲ့ အလက်ဇန်းဒါးထင်ရဲ့မျက်နှာကိုလဲမြင်ရော သူ့ဒေါသတွေကို မထိန်းနိုင်ခဲ့ဘူး ။ အဲဒီကောင်ရဲ့ မုန်းစရာကောင်းတဲ့မျက်နှာကို တွေးမြင်လိုက်တာနဲ့ သွေးကြောထဲမှာပါ မခံချင်စိတ်တွေရုန်းထလာတယ် ။ ပေါင်ပေ့က အဲဒီကောင်ရဲ့ မာယာထဲမှာ ရုန်းမရဖြစ်သွားတဲ့ပုံ ။
YOU ARE READING
My Green Forest ( Complete)
Romanceကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...