Unicode
ဖန်ရေကရားထဲမှ ရေများမှာ တဖြည်းဖြည်းနည်းလာ၏ ။ ထို့အတူ ဦးကျော်ဝင်း၏မျက်လုံးအစုံမှာလည်း အိမ်ပေါက်ဝကိုသာ စူးစိုက်ကြည့်လျက် ။ အကြောင်းရင်းမရှိဘဲ လက်ချောင်းများကိုလည်း အသံမြည်အောင်ချိုးနေမိကာ စားပွဲအောက်ရှိခြေထောက်နှစ်ချောင်းလုံးမှာလည်း တလှုပ်လှုပ် ။ နံရံကပ်ပန်ကာကိုဖွင့်ထားသော်လည်း ခန္ဓာကိုယ်တွင် ချွေးအနည်းငယ်ထွက်နေခဲ့၏ ။
" ဟယ်...ပါး...ရေတွေသောက်လှချေလား "
ဘေးဘက်မှထွက်လာသည့် မား၏အသံ ။ ထိုအခါမှ မား သူ့ဘေးဘက်သို့ရောက်နေမှန်းကို သတိထားမိကာ မလုံမလဲဖြစ်သွားရသည် ။ နဖူးထက်ရှိချွေးများကို ညာဘက်လက်ဖျံဖြင့်သုတ်ပြီးမှ
" ရာသီဥတုပူနေတော့ ရေဆာလို့ပါ "
ဟု ဖြေလိုက်တော့ မားက မယုံကြည်သည့်မျက်နှာထားဖြင့် စိုက်ကြည့်နေ၏ ။
" ဟုတ်လို့လား ပါးရဲ့...စိတ်လှုပ်ရှားနေလို့ ရေတွေချည်းလိမ့်သောက်နေတာ မဟုတ်ဘူးလား "
" စိတ်လှုပ်ရှားလို့...ပါးက ဘာကိုစိတ်လှုပ်ရှားရမှာလဲ "
" ထင်နဲ့တွေ့ရမှာဆိုတော့ ပါးများစိတ်လှုပ်ရှားနေလားလို့ပါ "
" မလှုပ်ရှားပါဘူး "
ခပ်တည်တည်မျက်နှာထားဖြင့်ငြင်းဆန်နေသည့် ဦးကျော်ဝင်းကိုကြည့်၍ ဒေါ်သက်ထားဆွေ၏မျက်နှာထက်တွင် အပြုံးပါးပါးလေးဖြစ်ထွန်းလာလေသည် ။ သိသာနေသော်လည်း ဇွတ်အတင်းငြင်းဆန်နေသည်မှာ တူးတူးခါးခါး ။
မျက်နှာချင်းဆိုင်ရှိခုံတွင်ထိုင်ချလိုက်တော့ ပါးက သူ့ကို မျက်လုံးဝေ့ကြည့်လာလေသည် ။
" ထမင်းစားလိုက်တော့မလား "
" မစားချင်သေးဘူး မား "
" ထင့်ကို စောင့်ဖို့လား "
" ပါးက သူ့ကို ဘာဖြစ်လို့စောင့်ရမှာလဲ "
" ဟုတ်ပါပြီ...ဟုတ်ပါပြီရှင် ၊ မစောင့်ဘူးဆိုလဲ မစောင့်ဘူးပေါ့ "
" လုံးဝမစောင့်ဘူး "
လျင်မြန်စွာဖြင့်ထွက်လာသည့်စကားနှင့်အတူ မျက်နှာထားကလည်း ရှုံ့ရှုံ့မဲ့မဲ့ ။ ထို့နောက် ပါးက စားပွဲ၏မျက်နှာပြင်ကို လက်ညှိုးထိပ်လေးဖြင့် ဖြည်းညင်းစွာ ပွတ်ဆွဲနေပြီးမှ သက်ပြင်းတစ်ချက်ချပစ်၏ ။ ပါးက နောက်ဆုံးလက်ကျန်မာနလေးကို
ထိန်းသိမ်းထားချင်သည့်ပုံ ။
YOU ARE READING
My Green Forest ( Complete)
Romanceကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...