♥️ The ending

1.3K 55 1
                                    

.
နောက်နေ့မနက်စောစောမှာတော့...
Ruby မထင်မှတ်ထားတဲ့...
သတင်းတစ်ခု Tv line မှာ ရှင်းလင်းစွာကြားနေရသည်။...
.
မနေ့ည ..သန်းခေါင်ယံအလွန်...
.
ဆိုးလ်မြို့နဲ့...ဒယ်ဂူးမြို့သွားသည့်...
အမြန်လမ်းမကြီးရဲ့..
လူပြတ်သည့် နေရာတစ်ခုတွင်...
Kim Group ရဲ့ Ceo ဖြစ်သူ
Mr Kim kai တစ်ယောက် ပြင်းထန်တဲ့ Car Accident ဖြစ်ခဲ့သည့်သတင်း...။
.
ဒဏ်ရာပြင်းထန်မှုကြောင့် အရေးပေါ် ခွဲစိတ်ထားရကြောင်း...
မီဒီယာတွေက...ဖော်ပြနေသည်။...
.
ရုတ်တရက်ကြီး....ဖြစ်သွားတာကြောင့် ...
Ruby လည်း အံ့သြနေမိသည်။
မနေ့ညကမှ သူမဆီ ဖုန်းဆက်လာသေးတဲ့သူက
အကောင်းကြီးလေ... အခုတော့..
ဆေးပိုက်တွေနဲ့ ကုတင်ပေါ်မှာ မေ့မျောနေလေရဲ့...ပတ်တီးတွေနဲ့စီးထားရတဲ့...
Kim kai...ရဲ့ပုံတွေကို TV ဖန်းသာပြင်ကနေ...Ruby ရပ်ကြည့်မိသည်။
.
💭အကုသိုလ်က အကျိုးပေးလာပြီ ဖြစ်မယ်💭
.
မကြာခင်မှာ...
Kim kai ရဲ့ မိဘတွေက သူမဆီ ဖုန်းခေါ်အကြောင်းကြားတော့မှာလည်း Ruby ကြိုပြီး မြင်ေယာင်သည်။
.
.
TV ကိုပိတ်...အောက်ထပ်ကို ဆင်းသွားလိုက်သည်။
မနက်စာ စားဖို့ dining room ဘက်ကို လျှောက်သွားချိန်မှာတော့ ..
ဧည့်ခန်းထဲက...
Mrs Parachali က...Laptop ကြည့်နေရာကနေ သူမကို စကားလှမ်းပြောလိုက်သည်။
.
"Ruby ရေ Kim kai ရဲ့မိဘတွေ ဖုန်းလာတယ်...Kim Kai...Car Accident ဖြစ်လို့ အရေးပေါ် ဆေးရုံတင်ထားရတယ်တဲ့..."

"Nae..Ruby ခုနလေးကဘဲ TV line က တွေ့လိုက်တယ်..."

"သတင်းဖွင့်ကြည့်တာလား ..."

"တခါတလေ ဖွင့်ကြည့်ဖြစ်တာ ခုတိုက်ဆိုင်သွားတယ်လေ..."
.
"အင်းပါ...ဒီနေ့ သွားတွေ့ရမှာပေါ့..."

"သွားဖြစ်မယ် Aunty ပြီးတော့ အရင်နေခဲ့တဲ့အိမ်က...ပစ္စည်းတချို့သွားသိမ်းမလို့. "

"ဂရုစိုက်ပြီး သွားဖို့ မမေ့နဲ့နော်"

"ဟုတ်ကဲ့...ဒါနဲ့...Aunty က မနက်စာ စားပြီးပြီလား..."

"ပြီးပြီ သမီးရေ...မျက်လုံးဖွင့်တာနဲ့ ဆာတတ်တဲ့အကျင့်က ဖျောက်မရတော့ဘူးရယ်...အဲ့ဒါကြောင့် မစောင့်တော့တာ...အဆင်မပြေလို့လား..."

"ပြေပါတယ်...ဒီတိုင်း မေးကြည့်တာပါ...အဆိုလည်း Breakfast သွားစားပြီ..."

You've reached the end of published parts.

⏰ Last updated: Dec 07, 2023 ⏰

Add this story to your Library to get notified about new parts!

ရှင်သန်ခွင့်လေးWhere stories live. Discover now