♥️ 8

813 55 4
                                    

...ငေးကြည့်နေရခြင်းနဲ့ ..
ကျေနပ်နေရမယ်ဆိုရင်...
.
ကိုယ့်ရဲ့ အချစ်တွေကို ..
ဖွင့်ပြောနေမှာ မဟုတ်ဘူး...
.
ချစ်တယ်...
ပိုင်ဆိုင်ချင်တယ်...
ဒါနှလုံးသားရဲ့ ဆန္ဒပါ...။
မုသားမပါတာမို့...
ကိုယ့်အချစ်တွေ...တစ်နေ့

မင်းလက်ခံမယ်ဆိုတာ..
ကိုယ် ယုံကြည်တယ်...။

.
...........................................................
.

"Deeee....Deeee...📲...
.
စားပွဲပေါ်တင်ထားတဲ့ ဖုန်းက...တုန်ခါမှုနဲ့အတူ...
အသံမြည်လာသည်။...
.
တပည့်တွေဆီက အကြောင်းကြားချက်ကို စောင့်နေတဲ့ Mr Manoban တစ်ယောက်...
ဖုန်းကို အမြန်ကောက်ယူလိုက်သည်။
..
သူထင်ထားသလို...
သူ့တပည့်တွေဆီက မဟုတ်ဘဲ...
Kim Kai ဆိုတဲ့ name ကိုသာမြင်လိုက်ရတော့...မသိမသာ ပြုံးလိုက်သည်။
သူ့အထင်က Kai နဲ့ Ruby က အဆင်ပြေနေပြီပေါ့....။..
ဒါကလည်း သူ့အထင် မှားသွားရပြန်သည်။
.
ကြားလိုက်ရတဲ့ သတင်းစကားက...

.
"Ruby...ပျောက်သွားပြီ Mr Manoban..📱 "

"ဘာ! ဘယ်လို ပျောက်သွားတယ် ဟုတ်လား..မင်းနဲ့ အတူပါသွားတာလေ...📱"

"ဟုတ်ပါတယ်ဗျ...၀တ်စုံလှဲပြီး ပျောက်သွားတာ...📱"

"ဘယ်သူအသုံးမကျတာလဲ..မင်းသိမှာပါ 📱 "

"အမျိုးသမီးတွေဘဲ ၀င်လို့ရတဲ့အခန်းလေဗျာ..ကျွန်တော်က ဘယ်လိုလုပ်ပြီး..အနီးကပ်နေလို့ရမလဲ..📱."

"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ...တွေ့အောင်ရှာကြလေ...အဲ့ဒီက CCTV တွေကို သွားစစ်ကြည့်..📱"

"ဟုတ်သားဘဲ ကျွန်တော်မေ့နေတာ...CCTV စစ်ကြည့်ရင် ရသားဘဲ...ခင်ဗျား ခေါင်းကောင်းဘဲ Mr Manoban..📱."

တိ....📱//

Kai ဘက်က ဖုန်းချသွားတာမိူ့...Mr Manoban  သက်ပြင်းချပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
.
"Lalisa...Lalisa...မင်း လက်ချက်ဆိုတာ ငါသိနေတယ်...တွေ့ကြသေးတာပေါ့ကွာ...ပြန်တွေ့လို့ကတော့...အမှုန်ကြိတ်ပြီး မြေမြုပ်ပစ်မယ်"
.
အံကြိတ်ကာ...Lisa ကို ကြိမ်းနေသည့် Mr Manoban သည်...နူးညံမှုတစက်ကလေးတောင် မရှိတော့ပါ။...
.
လွန်ခဲ့သော ၂ရက်က...သူ့အစ်ကို ဖြစ်သူ နဲ့ စကားအခြေအတင် ဖြစ်ခဲ့ရတာလဲ Lisa ကြောင့်ပါဘဲ...
Lisa ဟာ...Mr Manobanက သူ့ အတွက် ဂြိုလ်ဆိုးလို့သာ မြင်နေခဲ့သည်။
.
"ကလေး နှစ်ယောက်ရဲ့ ချစ်ခြင်းကို မခွဲသင့်ဘူး  ညီ..."

ရှင်သန်ခွင့်လေးWhere stories live. Discover now