♥️ 36

625 43 1
                                    

.
.    Mrs Parachali Manoban  နဲ့ သူမရဲ့ တပည့်နှစ်ယောက်ဟာ...
စပျစ်ခြံမှာ (၂)ည အိပ်ပြီး...ဆိုးလ်ကိုပြန်သွားကြသည်။...
....လာမယ့်...ရှေ့အပတ်မှာ ကျရောက်မယ့်..
Chae & Soo တို့ မင်္ဂလာပွဲနေ့ကျမှ ထပ်လာခဲ့မယ်လို့ ပြောထားခဲ့သည်။...
.
Darling က...လိုအပ်တဲ့စာချုပ်တွေကို စနစ်တကျ စီစဥ်ထားပေးပြီး...Manoban Company ရဲ့ အကြောင်းရာ အဆိုးပါ...သတင်းမှန်သမျှနှင့်ရှေ့ကြောင်းရော...
နောက်ကြောင်းတွေကိုလည်း သေချာ လိုက်ရှင်းထားပေးသည်။...
သူမရဲ့ အားကိုးရတဲ့ ပါတနာကြီး...။
Sully ....။
.
သူ့ရဲ့ စိတ်ချရတဲ့ အတော်ဆုံး  ရှေ့နေတစ်ယောက်ကို ငှားပြီး...
Manoban Company ရဲ့..
အနောက်ကနေ ပတ်သက်နေတဲ့ သူတွေရဲ့ အကြောင်း အားလုံးကို... တစ်ယောက်ချင်းစီ လိုက်စုံစမ်းခိုင်းထားသည်။...
.
ထိုထဲကမှ Kim kai ဆိုတဲ့...Kim Group ရဲ့အမွေဆက်ဆံသူက ထိပ်ဆုံးကနေပါသည်။
.
Darling က သူ့ကို ဖုန်းဆက်အကြောင်းကြားထားတာမို့...
Kim kai ဆိုတဲ့ သူကို Mrs Parachali ကောင်းစွာ သိနေခဲ့သည်။...
..Kim Kai က Ruby နဲ့ လက်ထပ်ထားသည်။..
အကြောင်းရင်းက
Kim Yoongi ရဲ့လောင်းကစားကြွေးကြောင့်..

Ruby ဟာ...Kim Kai နဲ့ လက်ထပ်ခဲ့ရတာလည်း သူမ သဘောမဟုတ် အတင်းအကျပ် နဲ့ လုပ်ယူခံလိုက်သည့်...
လက်ထပ်ပွဲ...
.
ဒီလက်ထပ်ပွဲမတိုင်ခင် အစောပိုင်းလေးမှာ...Lalisa နဲ့ တိတ်တဆိတ်လိုက်ထပ်ထားသည်။...
.
Lalisa နဲ့ လက်ထပ်ထားခြင်းကိုတော့...
လူအများမသိခဲ့ဘဲ...
Kim kai နဲ့ လက်ထပ်ထားတာကိုတော့...လူသိရှင်ကြားပင်။..
ဒါကလည်း ...Kim Kai က စီးပွားရေး လုပ်ငန်းရှင်မို့လေ....။
.
Ruby ကို Lalisa နဲ့ပြန်မပေါင်းရအောင် Kim kai ခွဲမှာကိုလည်း Mrs Parachali ရိပ်မိထားသည်။...
ထို့ကြောင့်...
သူမနဲ့ Ruby ...နှစ်ယောက်ပေါင်းပြီးတိုင်ပင်ထားတဲ့ ကိစ္စတစ်ခုကို ChaeSoo Wedding ပြီးလျှင် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်​ထားကြသည်ဆိုတာ...
Lalisa တစ်ယောက် မသိခဲ့...။
သိခဲ့ရင်လည်း လက်ခံမည်မဟုတ်...။
.
Mrs Parachali ဟာ..Mr Kim နဲ့လည်း စကားတွေများစွာပြောဖြစ်ခဲ့သေးသည်။

သူမရဲ့ တူလေးကို ကယ်တင်ပြီး စောင့်ရှောက်ပေးတဲအတွက်...ကျေးဇူးမမေ့ကြောင်း...ထပ်တလဲလဲ ပြောရှာသည်။
.
Lisa ကိုလည်း LA ကို ခေါ်သွားချင်ကြောင်းလည်း ခွင့်တောင်းသေးသည်။..
ဘာဖြစ်ဖြစ် Mr Kim က ကယ်တင်ထားပေးတာကြောင့် ခွင့်တောင်းသင့်ပါတယ်နော်...။
သူသာ မကယ်ထားပေးရင် lalisa ကို သူမ ပြန်တွေ့ရတော့မည်မဟုတ်...
ဒါကြောင့် အထူးကျေးဇူးတင်မိသည်။...
.
Lalisa ကို ပြန်ခေါ်သွားတော့မှာကို သိလိုက်ရတဲ့ Mr Kim ကတော့ စိတ်မကောင်းဖြစ်နေမိတာ အမှန်..။
သားမရှိတော့လည်း...Lisa ကို သားတစ်ယောက်လို သံယောဇဥ်ဖြစ်သွားပေမယ့်...
သူ့ဘ၀လေး ပိုပြီးကောင်းမွန်ဖို့အတွက်...Mrs Parachali Manoban ရဲ့တောင်းဆိုချက်ကို လက်ခံပေးခဲ့သည်။...
.
............................................................
.
Lalisa ကို ကြံစည်ဖို့...Kim Kai တို့ ဆရာတပည့်တို့....
အလုပ်ရှုပ်နေသလို...
Ruby ကလည်း Kai ထောင်နန်းစံရအောင်..
သက်သေတွေ လိုက်စုထားသည်။...
.
Chaeyoung တို့ မင်္ဂလာပွဲမတိုင်ခင် Mrs Parachali နဲ့ ထပ်တွေ့ရဖို့ ချိန်းရအုံးမည်။
မောင့်ကိုတော့ အသိပေးလို့မဖြစ်...။
.
"How you like that...🎶🎼📲...
.
မောင့်အ၀တ်တွေ မီးပူတိုက်ပေးနေတုန်း...
ဘေးကဆိုဖာပေါ်မှာ တင်ထားတဲ့ ဖုန်းက ၀င်လာသည်။...
Ruby...ခုဘဲတွေ့ဖို့သာ တွေးမိနေတုန်း...ဖုန်းခေါ်လာတဲ့ Lisa ရဲ့ Aunty ကတော့ အသက်ရှည်အံုးမှာသေချာသည်။
.
"Hello...Aunty...📱"
.
ဖုန်းကိုချက်ချင်းပြန်ဖြေလိုက်တော့...
ချိုသာနေတဲ့ Aunty အသံ မောင့်အဒေါ်လို့တောင် မပြောဘဲ သိနိုင်သည်။

ရှင်သန်ခွင့်လေးWhere stories live. Discover now