❤️ 3

853 63 3
                                    

.
မျက်ရည်ဆိုတာ...
ပျောညံ့သူတွေသာ...
ကျတတ်တာမဟုတ်ဘူး..
လူတစ်ယောက်...
ဘယ်အကြောင်းရာမဆို..
ခံစားချက်တွေ..
အမြင့်ဆုံးထိရောက်သွားရင်တော့...
နာကျင်ခြင်း မျက်ရည်တွေ...
၀မ်းသာခြင်း မျက်ရည်တွေ...
၀မ်းနည်းခြင်း မျက်ရည်တွေက...
တလိမ့်လိမ့်နဲ့...
စီးဆင်းနေမှာဘဲ...
ဒါက ပျောညံ့ခြင်းမဟုတ်...
ခံစားတတ်ခြင်းပါ....။
.
............................................................
.
"ပါးပါးရေ...

"ဟေ့!..ငါ့သမီးပြန်ရောက်ပြီ...Bobby နဲ့ Hana ရေ...မင်းတို့ မမ အိတ်တွေကူသယ်ပေးပါအုံး..

"ဟုတ်ကဲ့ လေးလေး..."

Mr Kim ရဲ့ သမီးလေး Kim Jisoo...
ပျော်ပျော်နေတတ်ပြီး...စိုက်ပျိုးရေးသာ စိတ်၀င်စားသူမို့...
ဆိုးလ်မြို့က စိုက်ပျိုးရေးကျောင်းမှာ..သွားရောက် ပညာသင်ပြီး ပြန်ရောက်လာခြင်း....။
.
သူမက အနေအေးသလို...မျက်စိအေးစေတဲ့ ရင့်ကျပ်တဲ့အလှတရားကို...
ပိုင်ဆိုင်ထားသည်။
.
အေးအေးဆေးလေး နေတတ်တာမို့...
ချစ်သူရည်းစားမထား...
အမျိုးသားတွေနဲ့ ပတ်သက်ရင် အရှုပ်အရှင်း
လုံး၀ကင်းသည်။
.
သူနဲ့ပတ်သက်တဲ့ ေယာကျာ်းဆိုလို့ သူမရဲ့အဖေ
သာရှိသည်။
.
"လွမ်းနေတာ ပါးပါးကို..."

"ပါးပါးက သမီးလေးကို ပိုလွမ်းတာပေါ့..."

Jisoo က သူမအဖေနဲ့ချွဲတတ်သည်။
အဖေ့ရင်ခွင်ထဲ ခေါင်းတိုး၀င်ပြီး...
.
"သမီးလေ...စဗျစ်၀ိုင်လုပ်ငန်း အကောင်ထည်ဖော်ချင်လို့...အဲ့ဒါ ပါးပါး ခွင့်ပြုပေး...

"သိတယ်နော် ဒီလိုချွဲပြီဆို တစ်ခုခု ပူဆာတော့မယ်ဆိုတာ..."

"သိရင် ပြီးတာဘဲ...  ဒါနဲ့ ခြံကို ကြော်ငြာဓါတ်ပုံ ရိုက်ဖို့ ကိစ္စလေ..

"ပါးပါး စီစဥ်ထားတယ် သမီး...ကနေ့ ချိန်ထားတာ..ဓါတ်ပုံဆရာက မရောက်သေးဘူး...အရင်အပတ်က ရိုက်ထားတာလေးတွေ မနေ့က...ပုံလာအပ်တယ်...သမီးကြည့်ကြည့်လေ..."

Mr Kim...သူ့စာရေးစားပွဲပေါ်က...
ဘောက်အဖြူလေး တစ်လုံးကို လှမ်းယူပြီး..
သမီးဖြစ်သူကို ကမ်းပေးလိုက်သည်။
.
မနေ့က  Photographer Park Chaeyoung လာပို့သွားတဲ့ ခြံရဲ့အလှနဲ့...
စဗျစ်ပင်...အပွင့် အသီး...စသည့်..အသေးစိတ်ရိုက်ထားသော...ပုံတွေးကို...
Jisoo သေချာတစ်ပုံချင်း ကြည့်နေမိသည်။
.
"လှတယ် ပါးပါး...သူနဲ့ဆက်ပြီး အလုပ်လုပ်ရမယ်ထင်တယ် .."

ရှင်သန်ခွင့်လေးDove le storie prendono vita. Scoprilo ora