❤️ 31

682 63 11
                                    

.
"တင်းတောင်...Ting Toung ...🔔

"ဘယ်သူနဲ့တွေ့ချင်ပါလဲ ခင်ဗျ..."

"Mr Manoban နဲ့ပါ..."

"သူဌေးမရှိဘူးဗျ...အပြင်ထွက်သွားတယ်..."

"သတင်းရထားတယ်...Mr Manoban က အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေတာ...မင်း ငါ့တို့ကို လိမ်လို့ရမယ်ထင်လား...အခု ချက်ချင်း တံခါးဖွင့်စမ်း..."

"ခင်ဗျားတို့ ဘယ်သူတွေမို့ ကျွန်တော်က နာခံရမလဲ..."

"ငါတို့က ရဲတွေ အဲ့တော့ တံခါးဖွင့်..."

အရပ်၀တ် အ၀တ်အစားနဲ့...Mr Manoban ရဲ့ အိမ်ရှေ့မှာ...ရောက်နေသည့် ရဲသားနှစ်ယောက်ကို...ခြံထဲ၀င်ခွင့်မပေးဘဲ...
စစ်နေသည့်...
ခြံစောင့်ကို...ထို ရဲသားနှစ်ဦးက စိတ်မရှည်တော့ဘဲ...

"တံခါးဖွင့်မလား...မဖွင့်ဘူးလား...ဒါဘဲပြော...😬"

"မဖွင့်တော့ ဘာဖြစ်မလဲ...😑"

"Ya!...ခင်ဗျား...တွေ့ကြသေးတာပေါ့...🤨"

"ဟေ့ လူတွေ မင်းတို့ဘာလုပ်တာလဲ...ခြံကျော်၀င်တာပေါ့...ဟုတ်လား...မင်းတို့ကို ရဲလက်အပ်မယ်..."

"ဟား!😅....ဟား😂...သိပ်ရတာပေါ့...ဦးလေးကြီးရာ..."

ရဲသား နှစ်ယောက်က..
ခြံတံခါးကို...
တွယ်တက်ကာ..ခြံထဲကို ကျော်၀င်လာပြီး...ခြံစောင့်လူကြီးကို ဖမ်းချုပ်လိုက်သည်။..
.
အိမ်ရှေ့က ရုပ်ရုပ်သဲသဲ အသံကြားလိူ့...
Mr Manoban ကမနေသာဘဲ...လာထွက်ကြည့်သည်။..
.

"ခင်ဗျားတို့က ရဲလိုသာ ပြောပြီး...စည်းကမ်း မလိုက်နာတာဘဲ..."

"အော်...အဟက်...ထင်ထားတဲ့အတိုင်းပါဘဲလား... ခင်ဗျားက အိမ်ထဲမှာ ရှိနေတာဘဲ...ဘာလို့ ကျုပ်တို့ကို လိမ်ပြောတာလဲ..."

"ကျွတ်!...ကျွတ်!...ခဏလေး နေပါအုံး...  အိမ်ရှင်ခွင့်ပြုချက် မရဘဲ ၀င်လာတာက...ရဲတွေရဲ့...လုပ်ရပ်ကောင်းလား..."

"ဟား!😅...ဟား😆...ကျုပ်တို့လည်း အိမ်ရှင်ရဲ့ ခွင့်ပြုချက် ကိုယူပြီးမှ ရောက်လာတာပါဗျာ...ကဲ အချိန်မကြာစေချင်ဘူး...စခန်းကို လိုက်ခဲ့ပါ  ..Mr Manoban..."

"ဘာကိစ္စနဲ့ စခန်းကိုလိုက်ရမှာလဲ ကျုပ်က..."

"ခင်ဗျားကို လွန်ခဲ့တဲ့ (၁၃)နှစ်ခန့်က လူသတ်တရားခံအဖြစ် အမှုဖွင့်ထားတယ်..."

ရှင်သန်ခွင့်လေးWhere stories live. Discover now