♥️ 16

652 44 1
                                    

.
ေဘာင်ခတ်ထားတဲ့ ဓါတ်ပုံလေး...တစ်ပုံ..
သူမရဲ့ စာကြည့်စားပွဲပေါ်မှာ...
နှစ်အတော်ကြာ...
နေရာယူထားဆဲပင်....။
.
Korea...ကျောင်းသားတစ်ယောက်ရဲ့...
အပြစ်ကင်းစင်နေတဲ့ ...ပုံလေးပါ...
.
မှတ်မှတ်ရရ ထိုနေ့က...သူ ထူးချွန်ဆု ရသည့်နေ့...
နက်ကတိုင်(Necktie )မစည်းတတ်တဲ့..သူ
.
Ruby လည်း သူ့အိမ်စရောက်တာ ရက်ပိုင်းလေးသာရှိသေးတာကြောင့်...
Ruby ကို သိပ်ပြီးမခင်တွယ်သေးတဲ့....
၇နှစ်အရွယ် ကောင်လေးပေါ့...။
.
မျက်ရည်လေး အဝိုင်းသားနဲ့ Ruby ကို အကူညီတောင်းတဲ့နေ့....
.
Necktie လေးကို သေချာသပ်ရပ်စွာ စည်းနှောင်ပေးလိုက်တော့ ပြုံးသွားတဲ့ ချစ်စရာမောင်လေး....။.
.
ဆုယူပြီး ပြန်ရောက်တော့ Ruby ကို သူ့ ကင်မရာလေးနဲ့ ရိုက်ခိုင်းခဲ့တဲ့ အမှတ်တရပုံလေး..
Ruby ခုချိန်ထိ မေ့မရသလို...
သိမ်းထားဆဲပင်...
.
မောင့်ပုံလေးကို ပွတ်သပ်ရင်း Ruby ငိုမိပြန်သည်။...
ငယ်ငယ်က သံယောဇဥ်က...လွယ်လွယ်နဲ့ ဘယ်လိုဖြတ်နိုင်မလဲ...
မောင့်ကို အရမ်းတွေ့ချင်မိသည်။...

အခန်းထောင့် တစ်နေရာမှာရှိနေတဲ့ မင်္ဂလာ၀တ်စုံက...မောင် သဘောကျတဲ့ အရောင်လေး မဟုတ်ခဲ့..။
.
"ဒေါက်...ဒေါက်..🚪...

"Ruby  သမီး..."

"........."

"Appa..၀င်ခဲ့မယ်နော်..."

အိမ်ပြန်ရောက်ပြီးကတည်းက သူမအခန်းကို Mr Manoban တံခါးလာခေါက်တိုင်း တုန့်ပြန်မှုမပေးခဲ့...
သိနေတဲ့...Mr Manoban ကလည်း..
သူအသံပေးပြီး...၀င်လာတတ်သည်။
လော့ချထားရင်လည်း...
သူ့ဆီက သော့အပိုနဲ့ ဖွင့်၀င်သည်။
.
အကြောင်းမထူးတာမို့...
Ruby တံခါးကို လော့မချတော့...ဒီတိုင်းသာထားလိုက်သည်။
ဒီရက်ပိုင်း...
စိတ်နဲ့ကိုယ်နဲ့ မကပ်သလို...
ဘယ်အရာကိုလည်း စိတ်မပါ...။
.
"ညနေ ၄နာရီ အခမ်းနားစမယ်...ဧည့်သည်တွေလည်း အများကြီး လာမယ်...မနက်ဖြန်ကျရင်တော့...ဘုရားကျောင်းမှာ...ကတိ​သစ္စာပြုရမှာ   ..."

"............"

ဆံပင် ဖယ်ိုဖရဲနဲ့ တိတ်ဆိတ်နေတဲ့ သူမကို...
.
"Ruby Manoban...Appa ပြောတာ ကြားတယ်မလား..."

ခေါင်းညိတ်ပြလိုက်သည်။...
ပြန့်လွင့်နေတဲ့ စိတ်က ဒီစကားတွေကိုအာရုံရမနေခဲ့...။

ရှင်သန်ခွင့်လေးWhere stories live. Discover now