♥️ 38

692 44 4
                                    

.
လေယာဥ်ပေါ် တက်တော့မယ့် မောင့်ရဲ့လက်ကို..
Ruby အသာလေးလှမ်းဆွဲပြီး...သူ့ကော်လံစကိုဆွဲ...ခြေဖျားလေးထောက်ကာ....
နှုတ်ခမ်းချင်း ဖိကပ်နမ်းလိုက်သည်။...
.
နမ်းရုံလေးပါဘဲ...ပြီးသည့်နှင့်..မောင့်ပါးပြင်လေးကို လက်ချောင်းလေးတွေနဲထိတွေ့ရင်း...

"အစစအရာရာ ဂရုစိုက်နော် မောင်..."

"အင်...မောင် Korea ကို ပြန်မလာတော့ဘူး Ruby...မင်း အနားက နှင်ထုတ်ခဲ့တာမို့...မင်းစိတ်ချမ်းသာအောင်...ပြီးေတာ့..
မင်း မမြင်တွေ့နိုင်တဲ့...နေရာတစ်ခုမှာ ဘဲဆက်ရှင်သန်တော့မယ်..."

"အော်..မောင်ရယ်...Ruby မှာ ဘာပြောရမှန်းတောင် မသိတော့ဘူး...အရာအားလုံး မောင့်အတွက်..

"တော်ပါတော့ Ruby...အခုလို... မောင့်အတွက် တွေးပေးလို့ကျေးဇူးပါ...သွားတော့မယ်...Bye..🤚"

လက်ပြကာ ကျောခိုင်းထွက်ခွာသွားတဲ့.. မောင့်ကျောပြင်လေး..ပျောက်ကွယ်သွားတဲ့အထိ..
Ruby ရပ်ကြည့်ေနမိသည်၊။
.
LA သို့ ထွက်ခွာမယ် လေယာဥ်ကြီးက...
အချက်ပြမီးလေးတွေနဲ့အတူ...
ဝေဟင်ထက်ကို ပျံတက်သွားတော့မှ....
Ruby လည်း...Mrs Parachali Manoban ရဲ့အနားကို ပြန်သွားလိုက်သည်။...
.
"၀မ်းနည်းနေမှာပေါ့ Ruby..."

"နည်းနည်းပါ...Aunty ရယ်...ဒီလိုသာမလုပ်ရင် မောင် ထိခိုက်နာကျင်ရလိမ့်မယ်လေ.."

"အခုတော့ Li လေးရဲ့ အထင်လွဲမှုတွေပါ ရလိုက်ပြီမလား...."

"သူ တစ်နေ့ နားလည်မှာပါ...သူနဲ့အကြာကြီး ခွဲမနေနိုင်ဘူး...အကြောင့် လုပ်စရာရှိတာ..အမြန်လုပ်ရမယ်..."

"ဟုတ်တာပေါ့ မနက်ဖြန်..စလိုက်ကြစို့.."

Lisa ခရီးထွက်သွားပြီမို့...
Ruby တို့လည်း စိတ်အေးလက်အေးနဲ့..ဒယ်ဂူးလ်ကို ပြန်လာခဲ့ကြသည်။
.
စပျစ်ခြံထဲရောက်တော့...
...ဖမ်းထားတဲ့..
လူနှစ်ယောက်လည်း အမူးပြေပြီး နိုးလာကြပြီးမို့...
Ruby သူတို့ရှေ့မှာ သွားရပ်လိုက်သည်။...
ထုံးစံအတိုင်း...မျက်မှန်အနက်ကိုတပ်ပြီး..
လက်ပိုက်ကာ...ရပ်နေတယ်ပေါ့...။
.
ထို လူနှစ်ယောက် သူမကို မော့ကြည့်လာပြီး အံ့သြခြင်းတွေနဲ့အတူ...

"ဟင်! မမလေး Ruby...🙄.မမလေး...

"၀မ်း ...၀မ်းသာလိုက်တာ မမလေး...ကျွန်တော်တို့ကိုကယ်ပါ ကယ်ပေးပါဗျ..."

ရှင်သန်ခွင့်လေးWhere stories live. Discover now