♥️ 39

834 45 8
                                    

...LA ရောက်သွားပြီ ဖြစ်တဲ့ Lisa တစ်ယောက်...ဘာမှလုပ်ချင်စိတ်မရှိ...။
.
Mrs Sully ကလည်း သူ့ကို ဖိအားမပေး...
ရောက်စမို့ ပျော်အောင်ထားသည်။
အရာရာ ပြည့်စုံပြီးသားမို့ ဘာမှမလုပ်လည်း အဆင်ပြေပေမယ့်...
Company ကို ပြန်အုပ်ချုပ်ဖို့အတွက်တော့...
Lisa ကို သင်ယူခိုင်းရအုံးမည်။
.
ပေကပ်ကပ်နဲ့...Sully စကားကို တစ်ခွန်းမကျန် ပြန်ခံပြောနေတဲ့ Lalisa ကို Sully ဘယ်လိုကိုင်တွယ်ရမလဲကို တွေးမရသေး...။
..
ဒီတိုင်းလည်းလွတ်ထားလို့မရ...
Lisa ကို ဘာမှမသင်ပေးဘဲ ထားရင် သူ့အမျိုးသမီးက သူ့ကို စိတ်ဆိုးမှာသေချာသည်။
.
"Lisa ya!...

"ဗျာ...Aunty....

"ဒီလို ဘာကြောင့် အလွှတ်ခံရလဲ သိတယ်မလား"

"ကျွန်တော် စိတ်မ၀င်စားဘူး Aunty...ဘာ ပိုင်ဆိုင်မှုမှ မမက်ဘူး..."

''ဒါမယ့် ..မင်းက အမွေဆက်ဆံရမယ့် တစ်ဦးတည်းသူလေ..."

"Aunty Parachali ရှိနေတာဘဲ..."

"  မင်းက  ဘာကို စိတ်၀င်စားပြီ လုပ်ချင်တာလဲ..."

"ကျွန်တော်လား...ဘာမှမလုပ်ချင်ဘူး...အခု ကျွန်တော် ခေါင်းထဲမှာ ရှိနေတာက Ruby နဲ့ ကျွန်တော်ရဲ့ ရင်သွေး..."

"Aww...မင်းက မိန်းမကို လွမ်းနေတာကိုး..."

"လွမ်းတာပေါ့ဗျာ ...ကျွန်တော်က သူ့ကို လိုက်ခဲ့ဖို့ ခေါ်တာ သူ လိုက်မလာဘူးလေ ကျွန်တော်ကို ငြင်းလွှတ်လိုက်တာ..."

"Wae!...သူက မင်း ရဲ့အမျိုးသမီးလေ...ဘာလို့...မလိုက်ခဲ့...

"မသိဘူး Aunty ရယ်...ဖြစ်စဥ်က ဒီလိုဗျ..."

Lisa ဟာ...Mrs Sully ကို သူနဲ့ Ruby ရဲ့ အကြောင်းတွေ Kim kai ရဲ့ အကြောင်းတွေကိုပါ ပြောပြနေတာကို Mrs Sully က ခေါင်းတညိတ်ညိတ်နဲ့...အာရုံစိုက်နားထောင်ရင်း...
Lisa ကို အလုပ်လုပ်ချင်စိတ်ရှိအောင်...
တွန်းပို့ပေးဖို့ အကြံရသွားသည်။
.
အမှန်တော့...
ဒီအကြောင်းတွေကို...သူ့အမျိုးသမီး Mrs Parachali က ပြောပြထားပြီးသားပါဘဲ...။
.
တမင်တကာ...Lisa ရဲ့စိတ်ကို သိချင်လို့သာ...မသိဟန်ဆောင်နေခဲ့တာပါ...။
.
Lisa က အကုန်ဖွင့်ပြောပြီး ရင်မောသလိုနဲ့ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။
.
ထို့နောက်...
စားပွဲပေါ်တင်ထားတဲ့ စီးကရက်ဘူးကိုလှမ်းယူပြီး...စီးကရက်တစ်လိပ်ထုတ်ကာ မီးငြိလိုက်သည်။...
.
စားကျက် ကို တဖွာချင်း ရှိုက်နေတဲ့ Lisa ပုံစံက...အကြံကုန်ပြီး လမ်းပျောက်နေသည့် လူတစ်ယောက်လို....၊၊
.
"မင်း ဖြစ်ချင်တာက Ruby ကို မင်းအနားမှာဘဲ ရှိစေချင်တယ်မလား"

ရှင်သန်ခွင့်လေးWhere stories live. Discover now