❤️ 1

1.4K 70 5
                                    

.
ခြေစုံရပ်နေတာ...
မပိုင်ဆိုင်ရတဲ့ ရပ်၀န်းလေး...
.
မျက်၀န်းအိမ် ပြာလဲ့လဲ့အောက်...
ငြို့ငင်မှုတွေ...
အခေါက်ခေါက်..အခါခါ...
ဒူးထောင်ချချင်မိတယ်...
သူမရဲ့ ရှေ့တော်မှောက်၌....
.
...........................................................
.
စာကြည့်ခန်း....
.
မိသားစု အရေးကိစ္စ ပြောစရာရှိလာတိုင်း...
သူတို့နှစ်ယောက်ကို...
Appa က...
သူ့စာကြည့်ခန်းကို လာခိုင်းတယ်။...
.
စီးကရက် ငွေ့တွေကို...
ဖြည်းဖြည်းချင်း မှုတ်ထုတ်ပြီး...
လက်ကျန် စီးကရက် အပိုင်းလေးကို...
ဆေးလိပ်ပြာခွက်ထဲ...
ထိုးခြေကာ...ပစ်ချလိုက်သည်။...
.
စားပွဲပေါ်တင်ထားတဲ့...
စက္ကူအိတ် အနက်ရောင်ထဲ...
တစ်စုံတစ်ရာကို....ထုတ်ပြီး...
မဲ့ပြုံးပြုံးလိုက်ကာ...
.
.
"ဘုတ်!!...

ရင်ဘတ်ကို အားပါစွာ...တစ်စုံတစ်ရာနဲ့ ..
ပစ်ပေါက်ခံရခြင်းရဲ့..
နောက်ကွယ်က..ထွက်သွားတဲ့အသံ...
.
သူ့ ရင်ဘတ်အနည်းငယ် အောင့်သွားပေမယ့်..
အချိုးမပြေပြေမနေတတ်တဲ့
သူ့မျက်နှာကြောက တင်းနေဆဲ...
.
"တောက်!!!...
.
တိတ်ဆိတ်နေတဲ့ စာကြည့်အခန်းတစ်ခုထဲက ဟိန်းထွက်သွားတဲ့... တောက်ခေါက်သံ တစ်ချက်က...

Mr Manoban ဆီက ထွက်ပေါ်လာသည်။
.
သူ့ဘေးနားမှာ ရပ်နေတဲ့ အမျိုးသမီး...တစ်ယောက်က တစ်ချက်တုန်လှုပ်သွားတယ်ဆိုတာ..
သိသာတာမို့...သူမရဲ့ လက်ကို သူဆုပ်ကိုင်ထားလိုက်သည်။...
.

"ဒါ ဘာတွေလဲ...lalisa..."

"....."
မဖြေဘဲ အံကြိတ်ကာနေလိုက်မိသည်။..
.
"ငါ မေးနေတယ်လေ...ငါ့ မျက်နှာ အိုးမဲသုတ်ချင်တာလား...မင်းတို့ နှစ်ယောက်က...ဟမ်...ဖြေကြစမ်း...နှစ်ယောက်လုံး...
ငါ ထင်တယ် ဒီလိုဖြစ်လာမယ်ဆိုတာ...
.
ခြေရင်းမှာ ပြန့်ကျဲနေတဲ့...ဓါတ်ပုံတွေက...
Lisa နဲ့ Ruby...ရဲ့ အသိစိတ်လွတ်ခဲ့တဲ့ ညက ဖြစ်ရပ်တွေ ...
.
ဘယ်မျိုးမစစ်တွေက ဒီပုံတွေကို ရိုက်ထားလဲ မသိ...။
.
ကြံဖန်ပြီး Mr Manoban ရဲ့ လက်ထဲထိ ဘယ်နည်းနဲ့ ရောက်လာလဲ သိပ်သိချင်မိ...။
.
သူ့ အင်္ကျီကော်လံစ ကို ဆွဲချုပ်ပြီး...
.
"ဘယ်လိုဖြစ်ရတာလဲ...ခွေးသားရဲ့..ငါမေးနေတယ်လေ.."

အဖေတဲ့
သူက ကျွန်တော်ရဲ့ အဖေ...
အတ္တဘုရင်ကြီး...
ကျွန်တော်ကို တစ်ခုမှ သားလို့မခေါ်သလို အသိမှတ်လည်းမပြုဘူး ထင်ပါရဲ့...
သူ ဒေါသထွက်တဲ့ အချိန်တိုင်း..ကျွန်တော်က..
ခွေး တစ်ကောင်ရဲ့သားအဖြစ်...အခေါ်ခံရစမြဲပင်။
.
ဒေါသထွက်တိုင်း သူ့ဒေါသတွေက ကျွန်တော်အပေါ်ပုံကျစမြဲ...
Ruby ကိုတော့...ကိုယ်ထိလက်ရောက်မလုပ်တဲ့အပြင်...
စကားကြမ်းတွေကိုလည်း သိပ်မပြော...။
.
ကျွန်တော်ကသာ သူ့အတွက်ဂြိုလ်ဆိုးပေါ့ဗျာ..
ဒါပေမယ့်...
ကျွန်တော် ကျေနပ်တယ်...
ကျွန်တော် သိပ်ချစ်ရဲ့ ပတ္တမြားလေးက မပွန်းမပဲ့ အရောင်တောက်ပနေလို့လေ...။
.
"ကျွန်တော်တို့...မေတ္တာမျှနေတာ ကြာပြီ...Appa..."

ရှင်သန်ခွင့်လေးWhere stories live. Discover now