❤️ 7

761 52 6
                                    

.
မင်းမရှိဘဲ...
ကိုယ်မနေနိုင်တော့ဘူး
ထင်ပါရဲ့ အချစ်ရယ်...
.
ကျေးဇူးပြုပြီ...
ကိုယ့်အနားကနေ..ထွက်မသွားနဲ့
.
မင်အနားကနေလည်း
မနှင်ထုတ်ပါနဲ့...

ဒီတိုင်းလေး....ဒီတိုင်းလေးဘဲ
ရှိနေပေးပါ...
သိပ်ချစ်တာမို့...
အပြစ်လို့မမြင်ပါနဲ့ အချစ်ရယ်
.
.............................................................
နေ့လည်စာကို အခန်းထိ လာပို့ခိုင်းလိုက်တာမို့..
Hotel က ၀န်ထမ်းကောင်လေး တစ်ယောက်က လာပို့ပေးသွားသည်။
.
Ruby က သတို့သမီး၀တ်စုံကို လှဲပြီး ခန အနားယူပြီး ...
ရေချိုးလိုက်သည်။..
.
Lisa ဟာ နေ့လည်စာ အတွက်စားစရာတွေကိုပန်းကန်တွေထဲထည့်ထားလိုက်သည်။...
.
ဒီ hotel ကို မနေ့ညကတည်းက သူရှာထားတာပါ။
ပေါ့ပေါ့ပါးပါး ၀တ်စုံတွေကိုပါ Lisa ၀ယ်ထားတာမို့...Ruby လည်း အဲ့၀တ်စုံထဲက တစ်စုံကိုယူ၀တ်လိုက်သည်။...
ခန္ဓာကိုယ်ချင်းကွာတာမို့....
Ruby အတွက် အင်္ကျီကကြီးနေပေမယ့်...
အရမ်းကြီး အဆင်မပြေသလိုတော့မရှိ...။
သူမ ပေါင်လည်ထိ အရှည်ရှိတဲ့ ဒီအင်္ကျီနဲ့...ခပ်ဖားဖား ဘောင်းဘီရှည်နဲ့တော့ သိပ်မလိုက်ဖက်။
.
အ၀တ်စားလဲပြီး...နေ့လည်စာ စားဖို့ Lisa စောင့်နေတာမို့....
ဧည့်ခန်းငယ်လေးထဲ၀င်သွားလိုက်သည်။
.
"နဲနဲ ကြာသွားတယ် မောင်"

"ရပါတယ် အေးဆေးပေါ့...ဗိုက်ဆာနေပြီမလား"

"အင်...ဆာပြီ.. "

"ဒါဆို စားကြရအောင်လေ ..."
.
ပါစတာ(pasta) နဲ့ ဖက်ထုပ်(mandu)... တခြားသော မုန့်တွေနဲ့ ပြည့်နေတဲ့ စားပွဲဝိုင်း...
မျက်နှာချင်းဆိုင် ထိုင်ရင်း...
တစ်ယောက် တစ်လှည့်စီ ခွံ့ကျွေးနေကြတဲ့...
အသစ်စက်စက် ဇနီးမောင်နှံ လေးတွေကိုကြည့်ရင် ကြည်နူးစရာပါ။...
.
သူမနှုတ်ခမ်းထောင့်လေးမှာ ပေနေတဲ့ ဟင်းအနှစ်တွေကို သုတ်ပေးရင်း...
နှစ်လိုဖွယ် သူပြုံးနေမိသည်။
.
ဒီအမျိုးသမီးကို သူ ရူးမတတ်ချစ်သည်။
..
သူ့အကြည့်တွေက အချစ်တွေနဲ့ပြည့်နက်နေခဲ့သည်။....
သူမအပေါ် အမြဲလိုလို အသေးစိတ်ကအစ...
ဂရုစိုက်ပေးနိုင်သူ....
ညိှု့ငြင်တတ်တဲ့ မျက်၀န်းတွေနဲ့....
ယုယတတ်တဲ့ ဒီအမျိုးသားကို  ..သူမ အဆုံးရှုံးမခံနိုင်အောင်ချစ်သည်။
.
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်....
.
လိုချင်တိုင်းသာ ရမယ်ဆိုရင်...
.
ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရရင်....
.
လူ့ဘ၀ကြီးက...ပျော်စရာတွေနဲ့ပြည့်နက်နေမှာပေါ့နော်။
.
လေညှင်းတွေကို ခံစားပြီးရင် မုန်တိုင်းကိုလည်း လက်ခံနိုင်ရမယ်။
.
ပျော်ရွှင်မှုကို ခံစားပြီးရင်တော့...
ငိုကြွေးချင်ကို လက်ခံပေးရမှာပါဘဲ...။
.
ထပ်တူကျတဲ့ချစ်ခြင်းတွေဆိုတာ...ဆုံဆည်းဖို့ ခဲယင်းတာ နိယာမ တစ်ခုမဟုတ်ပါလား..။ 
.
...........................................................
.
စပျစ်ခြံရဲ့အနောက်ဘက်က...သိပ်လှတဲ့ရေတံခွန်လေးက....
ကြည်လင်နေတဲ့ ရေတွေက...ကျောက်စရစ်ခဲလေးတွေကို....
အတောင်အလက် အတိုင်းသားမြင်နေရသည်။...
.
အထက်ပိုင်းက စီးဆင်းလာတဲ့...
ရေနက်ပိုင်း...တစ်နေရာတော့...
ရှိနေတာ ရေကစားချင်သူတွေအတွက်   အဆင်ပြေသည်။...
.
ဒီကနေ့က....စပျစ်ခြံပိုင်ရှင်  ..Kim Jisoo ဆိုတဲ့ အမျိုးသမီးလေးက ...
သူမပိုင်ဆိုင်ထားတဲ့ ခြံအနီးရှိ...သဘာ၀အလှတရားတွေကို...ခံစားလို့ရအောင် Vlog လေးတစ်ခု ရိုက်နေတာပါ.  .။
.
ရေနိမ့်ပိုင်းမှ မြင်နေရတဲ့ ကျောက်စရစ်ခဲလေးတွေကို....ကောက်နေသည့်.သူမ...
ကျောက်တုံးတစ်ခုပေါ်မှာ ခြေဆင်းထိုင်နေရင်းနဲ့သာ...။
.
"ကျွန်မ ရေနက်ပိုင်းဆင်းကြည့်မယ်"

ရှင်သန်ခွင့်လေးWhere stories live. Discover now