♥️ 19

597 49 4
                                    

...
လက်ထပ်ပွဲ ပြီးလို့. 
ရက်သတ္တပတ်...ပြည့်တဲ့နေ့...
.
Ruby...နေလို့သိပ်မကောင်းတာကြောင့်ရယ်...
မနက်စာ...ဆင်းမစားခဲ့...။
..
Company သွားဖို့...
Breakfast စားနေတဲ့ Kai က...
Ruby ကိုမတွေ့တာကြောင့်...
Maid ကိုမေးလိုက်သည်။
..
"မင်းတို့ မမလေး...မဆင်းလာသေးပါလား"

"မနိုးသေးလို့ဖြစ်မယ်..သူဌေး..."

သူ့လက်ပတ်နာရီကို ကြည့်လိုက်တော့..
မနက် ၉နာရီခွဲ...
Ruby က ဒီလို တစ်ခါမှ အိပ်ယာထ နောက်မကျခဲ့...။
.
နေမကောင်းဖြစ်တာများလား တွေးရင်း လက်ထဲက လက်ဖက်ရည်ခွက်ကို...
အကုန်မေ့ာချလိုက်သည်။...
.
"ဒေါက်....ဒေါက်....ေဒါက်..🚪"

"Ruby...ruby....

."........"

"Ruby...ruby  ya!.

"ပြောပါ...Kai...ကျွန်မ ကြားတယ်...

အစကတော့ ပြန်မထူးဘဲ နေကြည့်တာ ....
အဆက်မပြတ် ခေါ်နေတဲ့ Kai ကြောင့်...
အလွဲသာလို့ ပြန်ထူးလိုက်သည်။...
.
"မနက်စာ မဆင်းစားလို့...နေမကောင်းတာလား"

"မဆာလို့..."

"ကိုယ်အလုပ် သွားတော့မှာ ...ဘာဖြစ်ဖြစ် ဂရုစိုက်နော်'

"အင်..."

လိုရင်းတိုရှင်း သူမအကြောင်းကို သူ ကောင်းကောင်း နားလည်သည်။
သူမက သူကို ခါးသီးနေပေမယ့်...သူကတော့ ချစ်သည်။
.
အကြောင်းအမျိုးမျိုးနဲ့ လက်ထပ်ယူခဲ့ပေမယ့်..သူဘက်က မေတ္တာစစ်နဲ့ပါ...။
.
Company သွားဖို့ ကား အဆင်သင့်ဖြစ်နေပြီမို့...Ruby ကို အခန်းထဲထိ သူ၀င်မတွေ့တော့ဘဲ...အောက်ထပ်ကိုသာ ပြန်ဆင်းလာလိုက်သည်။
.
Kai  အလုပ်သွားပြီဆိုမှ...
Ruby လည်း အ၀တ်စားလဲကာ...
အပြင်ကို ထွက်ခဲ့လိုက်သည်။...
.
ဦးတည်ရာက...Manoban Company ဘက်သို့...
.
"သမီးလေး ...လာလေ...ထိုင်.."

မပြောမဆို ရုံးခန်းထဲထိ ရောက်ချလာတဲ့ သမီးဖြစ်သူ Ruby ကို Mr Manoban...ကြိုဆိုလိုက်သည်။...
.
ဘေးက ဆိုဖာပေါ်၀င်ထိုင်လိုက်တော့...
.
"ဘာသောက်မလဲ...ပြီးတော့ ဘာစားချင်လဲ သမီး"

"ကျွန်မ သောက်ဖို့ စားဖို့ လာတာမဟုတ်ဘူးဆိုတာ..Appa သိပါတယ်....မောင် အခု ဘယ်မှာလဲ...ကျွန်မ မောင်နဲ့ တွေ့ချင်တယ်...Appa ပေးထားတဲ့ ကတိကိုမမေ့ဘူးထင်တယ်"

ရှင်သန်ခွင့်လေးWhere stories live. Discover now