❤️ 9

1K 55 7
                                    

...နံရံပေါ်က နာရီလက်တံက...
(၄) နာရီကို ညွှန်ပြနေတယ်။
.
ပေါ့ပေါ့ပါးပါး...ဒူးအောက်ထိ အရှည်ရှိသည့်...မိုးပြာရောင်  ဂါ၀န်လေးနဲ့..သူမ...။

"Kim Jisoo shii..."

ညနေစောင်းလို့...လေညှင်းလေးတွေသွဲ့သွဲ့လေး..
တိုက်နေတော့...သူမရဲ့ ဆံနွယ်လေးတွေက...
လွင့်ကာ လူးကာ....
.
ခြံထဲဆင်း လမ်းလျှောက်နေရင်း...
အနောက်နားဆီက...ခေါ်သံကြောင့် လှမ်းနေတဲ့..ခြေလှမ်းတွေ ရပ်တန့်သွားသည်။
.
လှည့်ကြည့်စရာ မလိုလောက်အောင်ကို သူက ဘယ်သူလဲဆိုတာ...သိနှင့်နေတာဘဲ...
နှစ်ယောက်မရှိ...
Park Chaeyoung....
.
လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ...jisoo ကို တစ်စုံတစ်ခု ပြောချင်သည့်ပုံ...
.
!"ဘာကိစ္စရှိလို့လဲ..."

"ကိစ္စရှိမှ စကားပြောလို့ရမှာလား.."

"ဟုတ်သားဘဲ...ရှင့်က ကျွန်မအသက်ကို ကယ်ခဲ့တာဘဲ ကျေးဇူးတော့တင်ခံချင်မှာပေါ့"

"ဟောဗျာ!...jisoo ခင်ဗျ ကျွန်တော်က အဲ့လိုကောင် မဟုတ်ပါဘူး..😢."

"ဟုတ်ပါပြီ ခု ဘာပြောမို့လဲ..."

"ဟို....ဟိုလေ...ကျွန်တော်က...

စကားပြတ်တောက်သွားတဲ့သူ့ကို Jisoo က မေးဆတ်ပြရင်း...

"အွန်!....ဆက်ပြောလေ...
.
.
"........."
.
💭ဟင့်!..ငါ ပြောမထွက်ပါလား...တွေးထားတာ လွယ်သလောက်...အခုကျ...ဘယ်လိုဖြစ်😨💭...
.
Chaeyoung  ဖွင့်ပြောချင်တဲ့ ချစ်စကားေလးတွေက နှုတ်ခမ်းဖျားမှ ဖွင့်ဟမလာခဲ့။..
.
အခုလက်ရှိ...
Kim jisoo ရဲ့ လှပလွန်းတဲ့ အပြုံးရဲ့ အရှိန်အဝါအောက်မှာ သူ့ခမျာ ယုန်သူငယ်လေးလိုပမာ...။
.
အခုန်မြန်နေတဲ့ နှလုံးခုန်နှုံန်းတွေက...သူ့ တကိုယ်လုံး တုန်ရီနေသလိုလိုပင်။
.
"ပြောလေ!!..😏

"ေအာင့်မလေးဗျာ!...😖
.
အတွေးလွန်နေရင်းနဲ့ မူမမှန်တဲ့ နှလုံးသား​ေကြာင့်...သူမ ရဲ့အသံအောက်မှာ သူ ထပ်ပြီးလန့်သွားခဲ့ရသည်။
.
"လန့်ရတဲ့အထိ ကျွန်မ အသံက ငှက်ဆိုးသံ ပေါက်နေလို့လား..."

"မ...မဟုတ်ပါဘူး..."

"အထစ်ထစ် အငေါ့ငေါ့နဲ့ပါလား...ဘာစကားမို့လဲ ဒီလောက်တုန်လှုပ်နေတာ..."

"ကိုယ်...ပြောမှာပါ..အရင်ဆုံး ကိုယ်ပြောပြီးရင် ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်..."

ရှင်သန်ခွင့်လေးWhere stories live. Discover now