♥️ 35

737 47 1
                                    

.
"Ruby ..ငါနဲ့ပြန်လိုက်ခဲ့...

"လုံး၀ဘဲ kai...ငါ့ယောကျာ်းကလွဲပြီး ဘယ် ယောကျာ်းနောက် ကိုမှ မလိုက်နိုင်ဘူး ရှင်းတယ်မလား..."
.
Kim kai ရဲ့ စကားကို ခပ်တိုတိုနဲ့ လိုရင်းကိုသာ ပိတ်ပြောလိုက်သည့်...
Ruby ကြောင့်...
Kai...ခေါင်းခါကာ...သက်ပြင်းတစ်ချက် ချလိုက်ပြီး....Ruby ကို စိုက်ကြည့်လိုက်သည်။..
အခြေအနေ တင်းမာလာမည့် သဘော...
စကားကြမ်းလို့ မရတော့တာ သေချာသည်...။
သူ အနုနည်းနဲ့သာ Ruby စိတ်ကို ထိန်းချုပ်ရတော့မည်။..
သူ့အတွေးနဲ့ သူကတော့...ဟုတ်နေလို့ပေါ့..။
တကယ့် လက်တွေ့မှာတော့....
.
"Ruby...ကိုယ်ပြောတာ ဆုံးအောင်နားထောင်ကြည့်ပါ..."

"ဘာအတွက် နားထောင်ပေးရမလဲ...အခု လက်ရှိ အချိန်ပေးနေမိတာတောင် အရမ်းများနေပြီ....လိုရင်းကိုပြောတော့..."

"ကိုယ်ကို တစ်ခု ကူညီပါကွာ...Ruby ကူညီရင် အဆင်ပြေသွားမယ်လို့ ကိုယ်ထင်တယ်...ပြီးတော့...Ruby ရဲ့ ဖေဖေ...
Uncle ကိုလည်း အချုပ်ထဲကနေ ကယ်ထုတ်နိုင်မှာ..."
.
"ကျွန်မကို အဆိပ်ပင်ရေလောင်းခိုင်းနေတာလား..😕"

"ဟာ!...မင်း ဘယ်လိုတွေးလိုက်တာလဲ Ruby...အချုပ်ထဲရောက်နေတာ မင်းအဖေလေ ပထွေး​မဟုတ်ဘူးဆိုတာ...အသိရှိသေးရဲ့လား..."

"ကျွန်မ အဖေ ဟုတ်တာပေါ့...သူ့​ဆန္ဒတေွေပွေည့်ဖို့ သူစိတ်ချမ်းသာဖို့...သူ့သမီး အတွက်ကိုတောင်...မတွေးပေးခဲ့တဲ့ အဖေက ကျွန်မ အဖေပါ...ဒီလိုဖြစ်လာမှာ ကြိုသိနေခဲ့တာ...ကျွန်မကလေ...ဆက်မလုပ်ဖို့ တားခဲ့ပေမယ့်...သူ ဖြစ်ချင်တဲ့ အနာဂတ်ကို ပုံဖော်ခဲ့တာဘဲ...အခုတော့...သူကျေနပ်နေလောက်ပြီ...ကျွန်မ မနှောက်ယှက်ဘူး...သူ့ သဘောဘဲ ကျွန်မ  ဥပေက္ခာပြုလိုက်ပြီမို့...ဒီအကြောင်းကို ဆက်ပြောနေလည်း အလကားပါဘဲ...Kim Kai shii..."

...Ruby က...သူမစိတ်ထဲမှာ ရှိတဲ့အတိုင်း...
ပွင့်လင်းစွာပြောချလိုက်တော့...
အနုနည်းလည်းမရဘူးဆိုတာ...Kim Kai သဘောပေါက်သွားသည်။...
မထူးပါဘူး....ကိုယ်ဖြစ်ချင်တာကိုဘဲ
ဒဲ့ပြောချလိုက်မယ်လို့ ဆုံးဖြတ်ပြီး....။

"မင်းက အလျော့ပေးလို့ မရတဲ့ မိန်းကလေးဘဲ Ruby Manoban မင်းဘက်က ပြတ်ပြတ်သားသား ပြောလာမှတော့ ငါလည်း ပွင့်ပွင့်ဘင်းလင်း ပြောပြရတာပေါ့...ငါ ဒီကို လိုက်လာတာ Lisa ကို သတ်ဖို့...အဲ့ကောင်မရှိမှ ငါလိုချင်တာ ရမှာ...မင်း သိလား Ruby...
Lisa ရော မင်းကိုပါ ငါက မျက်ခြေမပြတ်စောင့်ကြည့်နေတာ...အခုလက်ရှိကိုဘဲ ကြည့်လေ...မင်းတို့ ရှိတဲ့နေရာကို ငါသိနေတာ..."

ရှင်သန်ခွင့်လေးWhere stories live. Discover now