♥️ 12

626 43 6
                                    

.
(1) ပတ်ကျော်ပြီ...သူ Australia Melbourne ကိုပြန်ရောက်နေတာ ...။
.
ဖေဖေ နေမကောင်းဘူးလို့ ခေါင်းစဥ်တပ်ပြီး...
မေမေနဲ့ အစ်ကိုက...သူ့ကို လိမ်ဥာဏ်ဆင်ကာ...ပြန်လာဖို့...အကြောင်းပြခဲ့သည်။..
.
မွေးရပ်မြေလို့သာ ပြောတာပါ..Chaeyoung...တစ်ယောက်...ကင်မ်ချီမြေလောက် စိတ်မပျော်ရွှင်ခဲ့...။
.
"ဘုတ်!!..💢

"Wae!...🤨..

"Chaeyoung...ညီလေး...ဘာဖြစ်နေလဲကွ...တမှိုင်မှိုင်နဲ့ပါလား..."

ခြံထဲက စားပွဲဝိုင်းလေးမှာ တစ်ယောက်တည်း ထိုင်ပြီး ငိုင်နေတဲ့ သူ့ရဲ့ ပုခုံးကို...လှမ်းပုတ်လိုက်သူက...အစ်ကိုဖြစ်သူ...Park Minyoung...။
အစ်ကိုနဲ့အတူ...မေမေ လည်း သူ့အနားကို ရောက်လာသည်။

"ဘာဖြစ်ရမလဲ သားကြီးရယ်...သူကြိုက်နေတဲ့ ကောင်မလေးက ငြင်းလွှတ်လိုက်လို့လေ..."

"ဟာ!...တကယ်ကြီးလား...ညီလေး မင်း စော်ငြင်းကောင် ဖြစ်သွားပြီပေါ့...🤣"

"ဟာ!...မနောက်နဲ့ အစ်ကိုရာ...အစ်ကို ပြောမှဘဲ ပိုဆိုးပြီ...😔"

"မဟုတ်လိူ့လား သားငယ်...သူမက သားကိုပြန်မချစ်ဘူးဆို..."

"တော်ပါတော့...မေမေရယ်...သား Korea ပြန်တော့မယ်...😥"

"ဘာလဲ သူမ ဆီကိုလား..."

"ဟုတ်တယ် မေမေ...သား...သူ့ကိုအရမ်းလွမ်းတာဘဲ...ချစ်ခွင့်မရရင်တောင် ငေးကြည့်ရရင်ကျေနပ်ပါပြီ...😢"

"ကိုယ့်ရဲ့ ညီလေးက အဲ့လောက်ထိ ချစ်နေရအောင်...ဒီမိန်းကလေးက...သိပ်ချော သိပ်လှနေလို့ ထင်ပါတယ်...😌"

"ကျွန်တော် ချစ်နေမိတဲ့ ကောင်မလေးကို...အားလုံးလည်း မြင်ရင် ချစ်သွားကြမှာ သေချာတယ်...ဒီမှာလေ ..🥹

Chaeyoung က...သူ့ရဲ့ လက်စွဲတော် ကင်မရာလေးကို ဖွင့်ပြီး...Jisoo ရဲ့ ပုံရိပ်လေးတွေကို အမေနဲ့ အစ်ကို့ ကို ထုတ်ကြွားလိုက်သည်။..
.
"ဟယ်!...တကယ့် ချစ်စရာလေးဘဲ...ဒါကြောင့် သားငယ်လေးက တမ်းတမ်းစွဲ ဖြစ်နေတာကိုး..😌."

"ဟုတ်တယ်နော်...မေမေ...ညီလေးက အရွေးတော်သား...😅"

"မေမေ အမြင်အရဆိုရင်...သေချာပေါက် မေမေ့ ချွေးမ ဖြစ်လာမှာ....🤨"

ရှင်သန်ခွင့်လေးWhere stories live. Discover now