Chapter 94: လိမ္မော်သီးအပြင်မှ ဆူညံသံများသည် အထဲသို့ပျံ့လွင့်လာသည်။ အထူးသဖြင့် တစ်စုံတစ်ယောက်၏ သီချင်းဆိုသံများပင်။
ချန်စုသည် တစ္ဆေဖြစ်ပြီး သူ့ကိုယ်အပူချိန်မှာ အေးစက်နေ၏။ တဖက်မှာ စုမင်က လူသားဖြစ်ပြီး ဆန့်ကျင်ဘက်သူတို့နှစ်ဦးသည် အတော်ကြာကြာ ထိတွေ့လို့မဖြစ်နိုင်ပေ။
မတ်တပ်ရပ်ပြီးနောက်တွင်မှ သူ့အဝတ်အစားတွေစိုကုန်တာကို စုမင်သတိထားမိ၏။
သူ့ကိုယ်သူ ကိုယ်သုတ်ပါဝါနဲ့ရစ်ပတ်ပြီး ပြောလာတယ် .."ခင်ဗျားမထွက်သွားဘူးလား?"
အစောတုန်း သူပြောခဲ့တာကို တကယ်မဆိုလိုပင်။ ကောင်းကောင်းရေမချိုးလိုက်ရပါဘဲ ဒီတိုင်းထွက်သွားရင် အိပ်ရတာသက်တောင့်သက်သာမရှိဘဲနေလိမ့်မည်။
ချန်စုအင်တင်တင်ဖြင့် .."ဒါဆိုကောင်းပြီ"
တကယ်တော့ သူထွက်မသွားချင်ပေ ... သို့သော် သူဆက်နေရင် စုမင်စိတ်ဆိုးနိုင်လောက်သည်လို့ ခံစားမိသည်။
ချန်စုတည်ရှိမှု ပျောက်ကွယ်သွားတော့မှ စုမင်စိတ်အေးလက်အေးဖြစ်သွားရသည်။ သူရဲ့စိုနေသောအဝတ်အစားတွေကို ချွတ်ပြီး နောက်တကြိမ်ရေထပ်ချိုးလိုက်လေသည်။
ဒီတစ်ကြိမ်ဘာမှဖြစ်မလာတော့ချေ။
သူရေချိုးခန်းထဲကထွက်လာချိန်တွင် ယင်းဇီသည်ကုတင်၌လှဲလှောင်းနေ၏။ သူထွက်လာသံကြားတော့ .."မင်းတစ်ခုခုဖြစ်နေပြီလို့ ငါထင်နေတာ"
စုမင်အထဲမှာ အချိန်အတော်ကြာနေပြီး ဖုန်းရှုကျွမ့်ရဲ့အခန်းဖော် တစ်ခုခုဖြစ်သွားတာလည်း မကြာသေးပေ။ သူ့ကို သွားစစ်ဆေးချင်ပေမယ့် သူ့ကိုယ်သူထိန်းထားလိုက်တယ်။
အဓိကအရေးကြီးဆုံးသည် သူ့အခန်းဖော် ရေချိုးခန်းထဲမှာပင် သူ့ကိုယ်သူစကားပြောတတ်တဲ့အကျင့်က သူ့(ယင်းဇီ)ကိုစိတ်ရှုပ်ထွေးစေသည်။
ဒါကိုကြားတော့ စုမင်ကြုံရာဆင်ခြေဆင်လက်တွေဖြင့် .."ငါအထဲဝင်သွားတော့ ခြေကျင်းဝတ်ခေါက်ပြီး ချော်လဲတော့မလို့ ... အဲ့ဒါကြောင့် နှိပ်နေတာနဲ့ကြာသွားတာ"
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အချစ်ဇာတ်လမ်းများက ပေါ်ပြ...