[Arc 1] Chapter 1

15.1K 1.5K 228
                                    


[Unicode]

Original Author - Jiang Zhi Yu(姜之鱼)

English Translator - Naeda / Kk translates

Arc 1: University Thriller
Chapter 1: ရုပ်ရှင်ကြည့်ရှူခြင်း

ညနေခင်းအချိန် ခြောက်နာရီခန့် ... 'နှစ်တစ်ရာရုပ်ရှင်ရုံ' ၏အဝင်တံခါးပေါက်တွင် တန်းစီနေကြသော လူတန်းလျားအရှည်ကြီးရှိသည်။

နှစ်ယောက်စီ ၊ သုံးယောက်စီ ဒါမှမဟုတ် စုံ‌တွဲများ ၊ ရုံးဝန်ထမ်းများ စသဖြင့် ရုပ်ရှင်ရုံတံခါး၌ သူတို့ရုပ်ရှင်လက်မှတ်ဝယ်ရန် တန်းစီရင်း ရုပ်ရှင်အကြောင်း စကားစမြည်ပြောဆိုနေကြတယ်။

ဤရုပ်ရှင်ရုံသည် နိုင်ငံအနှံ့အပြားမှာရှိသည့် အကြီးမားဆုံးရုပ်ရှင်ရုံကွင်းဆက်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မြို့တိုင်းတွင် ရေတွက်လို့တောင်ရနိုင်သည်။ ပရိသတ်များကို လက်တွေ့ကျပြီး ပျော်ရွှင်‌ဖွယ်ကောင်းသော အတွေ့ကြုံများရရှိစေရန်အတွက် ရုပ်ရှင်ရုံသည် မကြာသေးမီက ရုပ်ရှင်ကြည့်ရှူရန်နည်းလမ်းသစ်တစ်ခု ထုတ်ပြန်ခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့က ပရိသတ်၏ဦးနှောက်လှိုင်းများကို ရုပ်ရှင်ထဲထည့်၍ အမြောက်စာဇာတ်ကောင်နေရာပေးပြီး လမ်းသွားလမ်းလာများအနေဖြင့် သူတို့သည် ရုပ်ရှင်ကို ကိုယ်တိုင်လက်တွေ့ ခံစားနိုင်သည်။

အကယ်၍ ပရိသတ်များသာ ထူးချွန်တဲ့စွမ်းဆောင်ရည်နှင့် အဆင့်မြင့်အရည်ချင်းများရှိပါက ရုပ်ရှင်ရုံသည် သူတို့၏ဖျော်ဖြေမှုအတိုင်း ရုပ်ရှင်ကို နောက်တစ်ကြိမ်ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ကိုယ်တိုင်ကိုယ်ကျ ရုပ်ရှင်ထဲနှစ်မြှုပ်သွားတာက ထိုင်ပြီး ကြည့်နေတာထပ်ဆိုင်ရင် ပို၍ရင်ဖိုပျော်ရွှင်ဖွယ်ကောင်းသည်။

ထိုသို့ ကြည့်ရှူနည်းအသစ်သည် ရုတ်ခြည်း‌ကျော်ကြားရေပန်းစားသွား၏။

အချစ်ဇာတ်လမ်းများက လူကြိုက်အများဆုံးပင် ... ကျောင်းသူကျောင်းသားတွေသည် သူတို့ရဲ့ နတ်ဘုရား/နတ်ဘုရားမများနှင့် အတူရှိနေချင်ကြသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now