Chapter 47

3.3K 828 52
                                    

ဒါဒါလေးတစ်ယောက်အကြံပြုပေးလို့ arc 3 titleလေးပြောင်းလိုက်ပါတယ်။ ကိုယ်လည်းနာမည်လှလှလေးမပေးတတ်တော့လေ -_-||
အရင်အပိုင်းတွေကိုတော့ ကိုယ်ရရင်ရသလိုပြင်ရင်လည်း ပြင်လိုက်ပါမယ်။ ပျင်းတာပိုများတော့ မပြင်ဖို့လည်းများပါတယ်။

အကြံပြုပေး‌တဲ့ ဒါဒါလေးကိုကျေးဇူးပါ^^
Hope you enjoy(◍•ᴗ•◍)❤

Arc 3: မရဏဖျော်ဖြေပွဲ
Chapter 47: ပူဖောင်းမှုတ်နေတာ

ထိုစကားကို ချန်စုဖြည်းညှင်းညင်သာစွာပြောလိုက်ပေမဲ့ မြူဆွယ်ဟန်ပါဝင်နေသည်။

ဒီအနေအထားက မသင့်လျော်ဘူးဆိုတာကို စုမင်နောက်ဆုံးသတိထားမိသွားသည်။ ဖြစ်ပျက်ခဲ့သည့်အရာများနှင့်အတူ သူသည် ထိုကျီဆယ်တတ်သောလက်များကို အလျင်အမြန်ဖိနှိပ်လိုက်သည်။

ချန်စု လုံးဝမခုခံပေ..။

စုမင်ကတော့ ဘာမှအမှားအယွင်းမရှိဘူးလို့ ထင်ပြီး သူ့ကိုယ်ခန္ဓာကိုရွေ့ကာ သူနဲ့ဝေးရာရွေ့လျက် .."စကားကောင်းကောင်းပြောရအောင်"

အနည်းငယ်သာ ဝတ်ကျေတမ်းကျေဆိုပေမဲ့ ဘာမှမသိတာထပ်ဆိုင်ရင်တော့ ပိုကောင်းပါသေးတယ်။ စောနက ကလိထိုးခံရခြင်းက သူ့ကိုလည်းတုန်လှုပ်သွားစေခဲ့သည်။

သူ မဝံ့မရဲမေးလိုက်တယ် .."ဒီနေ့ အပေါ်ဆုံးထပ်မှာ ဘာဖြစ်ခဲ့လဲ ခင်ဗျားသိလား?"

ငါးကန်ထဲက ထိပ်ပြောင်ပြောင်လူရဲ့ ခန္ဓာကိုယ်က တစ်ခုခုထူးဆန်းတယ်လို့ သူခံစားမိပြီး ခေါင်းပြတ်သရဲပင်ကိုအကြောင်းလည်း အတည်မပြုရသေးပေ။

ခေါင်းပြတ်သရဲ၏ဦးခေါင်းက ဒီဟိုတယ် တစ်နေရာမှာရုတ်တရက်ပေါ်လာနိုင်တယ်လို့တောင် စုမင်ခံစားမိသည်။

ချန်စု သူ့နားကပ်ရွေ့လာပြီး .."ကိုယ်သိတယ်"

စုမင် သူ့လုပ်ရပ်ကိုလျစ်လျူရှုပြီး ရုတ်ခြည်းတစ်ခုမှတ်မိသွားတယ်။
"ဘာလို့ အလောင်းက ကျွန်တော့်ကိုပူဖောင်းမှုတ်တာလဲ?"

အလွန်ထူးဆန်းတယ်...

ပထမတစ်ကြိမ်က တိုက်ဆိုင်တယ်လို့ ဆိုနိုင်ပေမဲ့ သူတို့စကားပြောပြီးတဲ့အချိန် ပူဖောင်းတွေထပ်မှုတ်လာတာ ထူးဆန်းသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now