Chapter 98

1.6K 341 2
                                    


Chapter 98: ညဉ့်နက်ချိန်

သူ ထိုစကားကို ပုံမှန််အိပ်နေကျကဲ့သို့ပြောခဲ့သည်။

သို့သော်….… ယင်းဇီမျက်လုံးလှန်လိုက်ပြီး .."မင်းနောက်နေတာလား? မင်းကိုငါတို့ဘာလို့ဒီခေါ်လဲ မသိဘူးလား?"

ဖုန်းရှုကျွမ့်က .."ဟုတ်တာပေါ့ သိတယ်လေ"

ယင်းဇီ သူ့ကိုလှောင်ပြုံး ပြုံးခါနီး သူဆက်ပြောတာကြားလိုက်ရသည် .."ဒါမယ့် ငါပြောခဲ့ရင် မင်းငါ့ကိုရိုက်လိမ့်မယ်လေ ... အဲ့ဒါကြောင့် ငါမပြောဘူး"

ထိုစကားက ယင်းဇီကိုမသင်္ကာဖြစ်စေသည်။

အခြားတစ်ခုခုကို ရည်ညွှန်းနိုင်သည်ဟု အတွေးဝင်လာပြီး သူ မျက်မှောင်ကြုတ်ကာ နှာမှုတ်လိုက်သည်။ သူ့ကို မကြည့်ချင်တော့ဘဲ လှည့်ကာ အိပ်ရာပေါ်သို့ တက်လိုက်သည်။

ဖုန်းရှုကျွမ့် သူ့ကိုကြည့်နေလျက် .."လတ်စသတ်တော့ အဲ့မှာအိပ်တာကို"

ယင်းဇီနောက်ပင်လှည့်မကြည့်ဘဲ .."တက်လာမယ်မတွေးနဲ့"

ဖုန်းရှုကျွမ့်စိတ်မဆိုးဘဲ နံရံကပ်အောက်ဘက်အိပ်ယာ၌ ထိုင်၍ .."ဒီလူမှုတွေ့ဆုံရေးက အခု ငါဒီမှာအိပ်လို့ရတယ်လို့ ဆိုလိုတာပေါ့?"

စုမင်က .."ငါလည်းမသိဘူး ... ငါသိတာဆိုလို့ ဒီတစ်ညမင်းကိုနေခွင့်ပေးတယ်ဆိုတာပဲ ... မနက်ဖြန်ထိ လုပ်လို့ရတယ် မရဘူးဆိုတာ ထောင်စောင့်တွေပေါ်မှာပဲ မူတည်တယ်"

"ဒါဆို အဆင်ပြေလောက်တယ်" ဖုန်းရှုကျွမ့်မေးစေ့ကိုပွတ်လျက် ပြောတယ် .."တစ်ညတာအဆင်ပြေရင် ညအချို့လောက်က ပြဿနာမဟုတ်လောက်သင့်ဘူး"

သူတို့အားလုံး တစ်ခန်းတည်းနေရတာ တကယ်ကို အဆင်ပြေတယ်။  တစ်ခုခုလုပ်ဖို့လိုအပ်ရင် တခြားသူတွေပါ ပါဝင်နိုင်ပြီး စကားပြောရတာ ပိုအဆင်ပြေသည်။ ဤကဲ့သို့ပင် သူတို့သည် တွေ့ဆုံစကားပြောဖို့အတွက် ထမင်းစားချိန် သို့မဟုတ် အလုပ်ချိန်အထိ စောင့်ရန်မလိုအပ်တော့ပေ။

"မင်းခြေလက်ဆေးပြီးပြီလား?" စုမင်မေးတယ်။

ဖုန်းရှုကျွမ့်ခေါင်းငြိမ့်၍ .."မကြာခင်မီးပိတ်တော့မှာလေ"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now