[Arc 2 END] Chapter 39

4.8K 1K 57
                                    


Chapter 39: ဖိတ်ကြားမှု

စုမင်သည် ရုပ်ရှင်ရုံမှပေးပို့သော အခွေတွင် မည်သည့်အခွေပါရှိသည်ကို ဖျတ်ခနဲ ခန့်မှန်းနိုင်ခဲ့သည်။

အချိန်ကို တစ်ချက်စစ်လိုက်ပြီး စုပါးပါးသည် အိမ်ပြန်လာနေတုန်းဖြစ်၍ ညစာစားရန်အချိန်အနည်းငယ်ရှိပါသေးသည်။ ခွေများကို စစ်ဆေးရာတွင် ထိခိုက်မည်မဟုတ်ပါ။

စောနက စုမားမားတံခါးခေါက်ချိန် ရုပ်ရှင်reviewsတွေဖတ်ရှုနေတုန်းဖြစ်ကာ နည်းနည်းတော့အပြစ်ရှိသလိုခံစားမိသည်။ မသိရင် မိဘတွေမသိအောင် ဂျုနီယာကျောင်းသား‌တစ်ယောက်က တိတ်တိတ်လေးရည်းစားခိုးထားသလိုပင်။

ထို့ကြောင့် ဒီတခါ တံခါးကိုကျိန်းသေလော့ချလိုက်သည်။

discsပေါ်တွင် ဘာမှမရေးထားပေ။ အခန်းထဲ၌notebookပဲရှိ၍ ပေါ့ပါးစွာ စုမင်တစ်ခွေယူပြီး ထည့်လိုက်သည်။

တခဏကြာစောင့်ပြီးနောက် ဗွီဒီယိုစတင်လေသည်။

စုမင်မျက်လုံးများပြူးကျယ်သွားသည်။ ရုပ်ရှင်၏နာမည်က 'လူသတ်ကျွန်းအသစ်'ဖြစ်နေသေးသော်လည်း ကြာရှည်ချိန်မှာ ငါးနာရီဖြစ်သည်။

သူ ရုပ်ရှင်ကြည့်ပြီးပြီဖြစ်ရာ နှစ်နာရီမျှသာကြာသည်။

ဒီအပိုသုံးနာရီကဘာကြီးလဲ?

စုမင်မျက်ခွံများတွန့်သွားပြီး အရှေ့ခလုတ်ရစ်ကာ ခဏကြာ ဘာလို့အလွန်ကြာရှည်သလဲသဘောပေါက်သွားလေသည်။
ရုပ်ရှင်ထဲမှာ မပါတဲ့အခန်းတွေပါထည့်သွင်းထားလို့ပဲဖြစ်သည်။

စုမင်စောစောက ဖတ်ထားတဲ့ပို့စ်တွေကိုပြန်တွေးမိပြီး ဆက်စပ်သောအခန်းများကို အမြန်ကျော်လိုက်တယ်။

သေချာတာပေါ့

ဒါပေမယ့် နည်းပညာတွေတိုးတက်လာတာကြောင့် မြင်ကွင်းကို ဖုံးအုပ်ထားတယ်၊ ဒါမှမဟုတ် နံရံနဲ့ကပ်ကာထားပြီး သူ့ကိုဖော်မပြခဲ့ပါဘူး။

ဟစ်အော်ဟံကိုနားထောင်နေပြီး သူ့ကိုယ်သူဖုံးကာထားသည်ကို စုမင်ကြည့်နေသည်။

နည်းနည်းတော့တစ်မျိုးကြီးပဲ........

ပိုရှုပ်ထွေးစေတာက နောက်ထပ်ပြသလာတဲ့အခန်းသည် သူ့ရဲ့အပေါ်ပိုင်းသာဖော်ပြထားတာမို့ အဖုံးအကာပါမရှိတော့ပေ။
သူ့ကိုယ်သူ ရေချိုးနေတာ ပြန်ကြည့်နေရသလိုပဲ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now