Chapter 6

5.4K 1.2K 176
                                    


Chapter 6: ခြေသံ

လင်းယိကျီနှင့်လင်းရှောင်ယန်တို့က မျိုးရိုးနာမည်တူသော်လည်း ဆွေမျိုးမဟုတ်ကြပေ။

သူတို့ကို တိတ်တိတ်နေဖို့ စုမင်လက်ဟန်ပြပြီး တိုးတိုးလေး.."အပေါ်သွားပြီး ကြည့်ကြမယ်"

ဒီတစ်ကြိမ် သူပြင်ဆင်ပြီး လာခဲ့တာ ... အလွန်အန္တရာယ်ရှိသော လက်နက်ဖြစ်တဲ့ ... သာမန်သစ်သီးလှီးဓားကို ယူဆောင်ခဲ့သည်။ မမျှော်လင့်တဲ့ကိစ္စဖြစ်မှာစိုးလို့ လိုလိုမယ်မယ် နှစ်လတ်တောင်ယူခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ... သဘာဝလွန်တိုင်း ရန်သူမဟုတ်ပေ။

အတိတ်ကာလ၌ အစိုးရသည် ရုပ်ရှင်များတွင်သရဲများအဖြစ် သရုပ်ဆောင်ခြင်းကို တားမြစ်ခဲ့ပြီး မရေမတွက်နိုင်သောဆိုးရွားလှသည့် ၊ ဇာတ်လမ်းမကောင်းသော ထိတ်လန့်ဖွယ်ဇာတ်ကားများ ဖြစ်ပေါ်စေသည်။ နှစ်များ တစ်လျှောက်လုံးအင်တာနက်သုံးစွဲသူများကို ဒေါသထွက်စေသည့်ဆန္ဒပြမှုများကြောင့် ဥပဒေသည်နောက်ဆုံးတွင် နောင်တရစွာပယ်ဖျက်ခဲ့သည်။

ဒါပေမယ့် နောက်ပိုင်း rottenရုပ်ရှင်တွေကိုတော့ မရပ်နိုင်ခဲ့ပေ။

စုမင်လှေကားတက်သည့်အချိန် ဒုတိယထပ်၏အနေအထားသည် ပထမထပ်နှင့်တူညီနေသည်ကိုသူတွေ့မြင်ခဲ့သည်။

ရုံးအဆောက်အအုံတွင် လှေကား ၂ ဘက်ပါရှိသည်။ တစ်ခုစီသည် ကော်ရစ်ဒါ၏အဆုံးတွင် တည်ရှိပြီး ဓာတ်လှေကားနှင့် သိပ်မဝေးပေ။

ဒုတိယထပ်ရှိ ရုံးခန်းများအားလုံးသော့ခတ်ထားသည်။ မည်သည့်စက္ကန့်မဆို တစ္ဆေများပေါ်ထွက်လာနိုင်သည့် ရေခဲလိုအေးခဲနေသော လရောင်သာရှိသည်။

အများသုံးသန့်စင်ခန်းများသည် လှေကားထစ်ဘေးတွင်ရှိနေပြီး အခြေလှမ်းသုံးလှမ်းဖြင့် ရောက်နိုင်သည်။

စုမင်က မည်သည့်ဆူညံသံမျိုးမဆို နားထောင်ရန် နံရံကိုမှီလိုက်သည်။ သို့သော် စောနလို တရွတ်ရွတ်အသံတွေ မရှိတော့ဘူး။  တစ်နည်းနည်း သူကြားလိုက်သည့်အသံထက် ထိုတိတ်ဆိတ်မှုက ပိုကြောက်စရာကောင်းသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now