Chapter 105: ဓာတ်ခွဲခန်းစုမင်စကားကြောင့် ဖုန်းရှုကျွမ့်ရော ယင်းဇီပါ ကြက်သေသေသွားခဲ့သည်။
တခဏကြာမှ စုမင်သရဲမြင်နိုင်တယ်ဆိုသည်ကို မှတ်မိသွားကြ၏။ ထို့နောက် သူတို့ တံခါးအပြင်ဘက်မြင်ကွင်းကို လှမ်းကြည့်လိုက်တော့ ဘယ်လိုပဲကြည့်ပါစေ မြင်နေရသည်က ပုံမှန်မဟုတ်မှန်းပြောနိုင်သည်။
ဒီ့တော့ ကူညီပေးတဲ့သရဲကရှိနေတာလား?
စုမင်ခေါင်းပြန်လှည့်ကာ .."မင်းတို့ အပြင်ကို ကူညီစောင့်ကြည့်ပေးထားပါဦး"
ဖုန်းရှုကျွမ့်ခေါင်းငြိမ့်ကာ ဘာမှမမေးဘဲ တုန့်ပြန်၏ .."ကောင်းပြီ"
သူတို့အခု တစ်ဖွဲ့တည်းသားတွေဖြစ်နေပြီမို့ ဘာမှမေးစရာမလိုတော့ပေ။ သူတို့အားလုံးအလိုရှိသည်မှာ ယုံကြည်မှုပင်။
ဒါက စုမင် ပထမဆုံးအကြိမ်လုပ်ဖူးခြင်းဖြစ်ပြီး စကေးလည်းသိပ်မရှိပေ။ မိနစ်အနည်းငယ်ကြာမျှ ရုန်းကန်လိုက်ရပြီးနောက် သူတို့သုံးယောက်စလုံး ဟောက်သံများကြားတွင် တိုးညှင်းသော 'ကလစ်' ဆိုသည့်အသံကိုကြားလိုက်ရသည်။
တံခါးပွင့်သွား၏။
ရှော့ခ်ရသွားသော အကြည့်များဖြင့် ယင်းဇီသည် .."တကယ်ပွင့်သွားတာပဲ….."
သူတစ်ခါမှ ထောင်ပြေးလွတ်မြောက်ရန် ကြိုးပမ်းရလိမ့်မယ်လို့ စိတ်ကူးမယဉ်ခဲ့ပေ။ ဒါကအမြဲတမ်းရုပ်ရှင်တွေထဲမှာပဲ ကြည့်ဖူးနေကျပင်။ ဒီနေ့လိုအချိန်မှာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရလေပြီ။
စုမင် ချက်ချင်းတံခါးကိုမဖွင့်ဘဲ အပြင်မှာ ဘယ်သူမှမရှိဘူးဆိုတာ သေချာအောင် အရင်အကဲခတ်စစ်ဆေးသည်။
ခေါင်းကြီးကြီးသရဲလေးက အပြင်ဘက်တွင် မီးအလင်းရောင်ကိုကိုင်ထားဆဲရှိနေပြီး ပျော်ရွှင်စွာမတ်တပ်ရပ်နေ၏။
ယင်းဇီ ထပ်ပေါင်းပြောတယ် .."စောင့်ကြည့်ကင်မရာတွေရော ဘယ်လိုလုပ်မလဲ?"
ကော်ရစ်ဒါတစ်လျှောက်၌ အကျဉ်းသားတွေကို စောင့်ကြည့်ရန် စီစီတီဗီလေးလုံးရှိသည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အချစ်ဇာတ်လမ်းများက ပေါ်ပြ...