Part (52) ( ဖေကြီးက သဘောတူလိုက်ပြီ )

4.8K 291 18
                                    

Unicode

" အကို "

" ဗျာ "

" ကျွန်တော်တို့ တကယ်ပဲ လူကြီးတွေရဲ့ ခွင့်ပြုချက်ကိုရသွားတာလား မယုံနိုင်လွန်းလို့ပါ အထူးသဖြင့် ဖေကြီးက ခွင့်ပြုပေးလိုက်မယ်လို့ မမျှော်လင့်ထားဘူး "

သျှန် ကြည့်လက်စဖုန်းကိုချကာ ရင်ခွင်ထဲက ကောင်ငယ်လေးကို အပြည့်အဝအာရုံစိုက်လိုက်သည်။ အချွဲလေးက သူအလုပ်လုပ်နေတုန်း ရစ်နေတာကြောင့် အလုပ်တွေကိုပစ်ထားလိုက်ရတာ။ ငယ်က သျှန့်အနားကပ်ချွဲရတာကြိုက်ပြီး ကြောင်လေးတွေလိုမျိုး လူနဲ့နီးနီးကပ်ကပ်နေချင်သည်။ သျှန်အလုပ်လုပ်နေတဲ့အချိန် ရင်ချင်းအပ်အနေအထားအတိုင်းကပ်တွယ်နေရတာကြိုက်ပြီး သျှန်ဖုန်းသုံးနေရင်လည်း ရင်ခွင်ထဲဝင်လာပြီး သူပါအတူကြည့်သည်။ ငယ်ချွဲပြီဆိုရင် တစ်ခြားအရာဘာမှမလုပ် ဒီတိုင်းလူကို ကပ်တွယ်ပြီး ပူးကပ်နေတာမျိုး။

" အန်ကယ်က ငယ့်ကိုချစ်လို့ လက်ခံလိုက်တာ ကိုယ့်ကိုကြည်ဖြူလို့မဟုတ်ဘူးလေ ငယ့်ကြောင့် ကိုယ့်ကိုလက်ခံလိုက်တာ "

" အကိုက ဒီလောက်တော်တာကို ဖေကြီးကနောက်တော့ ကြည်ဖြူလာမှာပါ အကိုက ပိုက်ဆံရှာတာလည်းတော်တယ် ရုပ်လည်းချောတယ် ကျွန်တော့်ကိုလည်း ချစ်ပေးတယ်လေ "

" ငယ်ကကွာ ကိုယ့်ကိုကိုယ် ကျွန်တော် ကျွန်တော်နဲ့ သူစိမ်းဆန်လိုက်တာ "

" ကျွန်တော်လို့မပြောလို့ ကျွန်မလို့ပြောရမှာလား "

" မဟုတ်ဘူးလေ ကိုယ်နဲ့စကားပြောရင် ကိုယ့်ကိုကိုယ် ငယ် လို့ သုံးကြည့်ပါ့လား "

" အဲ့ဒါကြီးကျ နည်းနည်း ကြားမကောင်းသလိုပဲ "

" ဒါဆို ကိုယ် ငယ့်ကို မင်းလို့ သုံးရင်ကြိုက်လား "

" မကြိုက်ဘူး မခေါ်နဲ့ "

" ကိုယ်လည်း ကျွန်တော် ကျွန်တော်နဲ့ ပြောနေတာကြီးကို မကြိုက်ဘူး ငယ် အသုံးအနှုန်းမပြင်ရင် ကိုယ် ငယ်မကြိုက်တာကို ခေါ်မှာနော် "

ငယ် နှုတ်ခမ်းထော်ပစ်လိုက်သည်။ စိတ်တိုင်းမကျတော့ဘူး ၊ အဲ့လိုပြောရမှာက နည်းနည်းတစ်မျိုးကြီးလေ။ ကိုယ့်ကိုကိုယ် ငယ်လို့ပြောရမှာက နူးညံ့မနေဘူးလား။

Mr. Professional ( Ongoing ) Where stories live. Discover now