Part (20) ( I've never been kissed like this before )

5.3K 489 34
                                    

Zawgyi

တည်မြဲအိမ်ပြန်ရောက်တော့ အရင်ကထက်ပင်ဆူညံလို့နေတာကြောင့် အသံများကြားရသည့်ဘက်ကိုသွားကြည့်လိုက်သည်။ သူမမြင်ဖူးသော ရွှေရောင်ခေါင်းတစ်ခေါင်းကိုတွေ့လိုက်ရပြီး ထိုရွှေရောင်ခေါင်းက ချစ်မြတ်နိုးရသည့် အမျိုးသားလေးနှင့် ရယ်မောကာစကားပြောနေ၏။

" အဲ့ဒါ ဘယ်သူလဲ! "

Marioအတွန်းခံလိုက်ရပြီး မှိုင်းညို့သည်လည်း တစ်စုံတစ်ယောက်၏ ကြီးမားသန်မာသောလက်မောင်းများကြား အလိုအလျောက်ရောက်ရှိသွားသည်။ ညို့လန့်သွားပေမယ့် မောင့်ဆီမှအနံ့ကြောင့် အသာမော့ကြည့်လိုက်၏။ မောင်က မျက်မှောင်ကြီးကုပ်ကာ marioကို ရန်လိုသလိုကြည့်နေပြန်သည်။

" မောင် သူက ကောင်းကောင်းရဲ့မိတ်ဆွေပါ ကောင်းကောင်းနဲ့ အလုပ်အတူလုပ်တဲ့ ပါတနာပေါ့ "

" ငါမေးတာက ဒီအိမ်ကိုသူဘာလို့ရောက်နေတာလဲ နေစရာမရှိလို့လား ဒီနေရာကဒုက္ခသည်စခန်းမဟုတ်ဘူးနော် "

" ကောင်းကောင်းတို့က သန်ဘက်ခါဆိုပြန်ကြမှာ ဒီကောင်လေးက ခဏပဲတည်းတာပါ မောင်ဘာလို့စိတ်တိုနေတာလဲ "

တည်မြဲ သူပြောတာကိုနားထဲမရောက်ပါ။ ရွှေရောင်ဆံပင်နဲ့ကောင်က မှိုင်းညို့ကို ကပ်ပြီးစကားပြောနေတည်းက မရိုးသားမှန်းသိသာတယ်။ ဒီကောင့် ideal typeက မှိုင်းညို့ဖြစ်နေတာလားတော့မသိပေမယ့် မှိုင်းညို့က ကလေးသုံးယောက်ရဲ့အဖေ တည်မြဲရဲ့တရားဝင်ယောကျာ်း။ အသက်လေးဆယ်ကျော်နေတဲ့ ယောကျာ်းတစ်ယောက်လို့မထင်ရအောင် နုပျိုတဲ့ မှိုင်းညို့ကို ဒီကောင်ကြည့်တဲ့ပုံတွေက တည်မြဲမျက်စိထဲအဆင်မပြေပေ။

" ဟိုင်း ကျွန်တော်က သျှန်ဆက်ကောင်းရဲ့မိတ်ဆွေပါ "

" မင်းဘာလိုချင်လို့လဲ "

" ညစာစားဖို့အတွက် အန်ကယ့်ကိုကူညီပြီးပြင်ဆင်ပေးနေရုံတင်ပါ အထင်မလွဲပါနဲ့ "

Mario လက်မြှောက်သည့်ပုံစံလုပ်ပြလိုက်ပြီးနောက်ကိုတစ်လှမ်းဆုတ်လိုက်သည်။ အန်ကယ်မှိုင်းညို့ရဲ့ အမျိုးသားဖြစ်မည်ထင်သည်။ အံ့သြစရာကောင်းသည်က အန်ကယ်မှိုင်းညို့က သူ့အမျိုးသားကိုအရမ်းချစ်ပြီး ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီး ဒီအကြောင်းအရာက marioကို shockရစေသည်။ ထို့ကြောင့်လည်း အန်ကယ့်အမျိုးသားဆိုသူကို တွေ့ချင်ခဲ့၏။ အန်ကယ့်အမျိုးသားက သူ့ကိုစစတွေ့တည်းက အမြင်မကြည်ပုံပေါ်နေတာကြောင့် ပြသာနာမဖြစ်အောင်အလိုက်သင့်ဆက်ဆံဖို့သာဆုံးဖြတ်လိုက်သည်။ Marioတစ်ခါမှယောကျာ်းလေးတွေကိုသဘောမကျခဲ့တာမှန်သော်လည်း အန်ကယ်မှိုင်းညို့ကိုတွေ့တော့ စိတ်ထဲမှာတစ်မျိုးခံစားရသည်။

Mr. Professional ( Ongoing ) Where stories live. Discover now