Part(47) ( He's my man! )

3.7K 286 26
                                    

Unicode
Warning alerts ‼️

သျှန်ဆက်ကောင်း အနားယူရာမှ ပြန်လာပြီဆိုတဲ့သတင်းကြောင့် တစ်ခြားသော brand company များဆီမှ စာချုပ်များရောက်လာကြသည်။ ပုံမှန်အားဖြင့် entertainment ဘက်က နာမည်ရbrand များဖြင့်သာလက်တွဲစေချင်ကြသော်လည်း စာချုပ်တစ်ခုသည် တော်တော်လေးရင်းနှီးသည့်နာမည်ဖြစ်နေတာကြောင့် သျှန်မှတ်တမ်းကိုဖတ်ကြည့်လိုက်သည်။ The City , Man and Women wear ဖြစ်ပြီး နာမည်သိပ်မရသေးတဲ့ company တစ်ခုဖြစ်နေ၏။ ဒါရိုက်တာနာမည်ကိုဖတ်လိုက်တော့ သျှန်မျက်လုံးပြူးသွားသည်။

Managing director - U Ti Myal Kabar

" ဒီcompany နဲ့ ပူးပေါင်းချင်တယ် "

" ဘယ်လိုဖြစ်တာလဲ သျှန် ဒီcompany ကအခုမှ စျေးကွက်ထဲဝင်လာတာ နာမည်တောင်မရှိသေးဘူးလေ "

" မကြာခင် နာမည်ရလာမယ့် company ဆိုတာ ကျွန်တော်အာမခံတယ် ပူးပေါင်းလိုက်လို့ နစ်နာသွားတာတော့မရှိပါဘူး အမြဲတမ်း နာမည်ရနေတဲ့brand တွေနဲ့ပဲ ပူးပေါင်းလာတာ တကယ်လို့ ကျွန်တော်သာ The City နဲ့စာချုပ်ချုပ်လိုက်ရင် လူတွေက ပိုပြီးသိချင်လာကြလိမ့်မယ် entertainment အနေနဲ့လည်း company အငယ်လေးတွေနဲ့ပူးပေါင်းလိုက်တဲ့အတွက် image က ပိုကောင်းလာနိုင်တယ် "

" ရုတ်တရက် ဘာစိတ်ကူးပေါက်သွားတာလဲ ရက်ပိုင်းအတွင်း သျှန်ပြောင်းလဲသွားတယ်နော် "

" အခုကစပြီး အလုပ်ကို စိတ်နှစ်ထားတော့မလို့လေ Ben ကို ကျွန်တော်ပြောင်းလဲသွားပြီဆိုတာ ပြချင်လို့ "

Yuki ပြုံးလိုက်သည်။ ကိုယ်တော်ချောက အခုထိကောက်နေတုန်းပဲ။ သျှန် သူ့ကိုလက်ဆောင်တွေပေးပြီး ချွေးသိပ်သွားတယ်ဆိုတဲ့အကြောင်းတွေ yuki ကိုရင်ဖွင့်သည်။ စိတ်ကောက်နေတဲ့သူက နှုတ်ခမ်းကြီးကိုထော်နေတာပဲ။

" Ben က သျှန့်ကို ညီလေးတစ်ယောက်လိုသံယောဇဉ်ရှိတာသိတယ်မလား ညီအရင်းရှိပေမယ့် နှစ်ယောက်သားက မနီးကပ်ကြဘူးလေ သျှန့်ကို တော်တော်လေးမျှော်လင့်ထားတဲ့ပုံပဲ ဒီထက်ပိုပြီး အောင်မြင်တဲ့လူတစ်ယောက်ဖြစ်စေချင်တယ်ထင်တယ် သူပြောတယ် သူအခုလိုတွေအပင်ပန်းခံပြီးလုပ်ပေးနေတာက သျှန့် career ကို အခုထက်ပိုပြီး ခိုင်မာစေချင်လို့တဲ့ "

Mr. Professional ( Ongoing ) Where stories live. Discover now