Part (27) ( LDRS )

4K 395 12
                                    

Zawgyi 

LDRSဆိုတဲ့အခြေအနေမျိုးက တစ်ခြားrelationshipတွေနဲ့မတူပေ။ အဝေးမှာရှိနေတဲ့လူတစ်ယောက်နဲ့ onlineကနေပဲ စကားတွေပြောနေရပြီး ပြေးတွေ့ချင်ရင်တောင်မတွေ့နိုင်တာမို့လို့ သတိရကြောင်းတွေပဲပြောရင်းနဲ့ အလွမ်းဖြေရသည်။ LDRSကို အစတည်းက သဘောမကျခဲ့တာကြောင့် ငယ်စိတ်ပျက်မိသည်။ အနေဝေးရင် စိမ်းသွားမယ်ဆိုတဲ့စကားက ငယ့်အပေါ်လွှမ်းမိုးနေတော့ ဟိုလူကြီး အသစ်ရသွားမှာကိုလည်းငယ်စိုးရိမ်၏။ မဂ္ဂဇင်းတွေ ကြော်ညာတွေမှာ သူ့အကြောင်းပါလာတိုင်း ငယ်ပြေးကြည့်တတ်နေပြီ။ NYကိုပြန်သွားပြီးနောက် ထိုလူကြီးနဲ့သူ နေ့တိုင်းပြောဖြစ်သော်လည်း လူကြီးက နာမည်ကြီးလာပြီး နိုင်ငံခြားဇာတ်ကားတွေထဲမှာတောင် ရိုက်ကူးနေရပြီ။

အလုပ်တွေအရမ်းများနေတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် အကိုBenကနေတဆင့်သာသိရသည်။ ဖုန်းပြောချင်ရင်လည်း အကိုBenကအရင်ကိုင်သည်။ ရိုက်ကူးရေးတွေဆက်နေတဲ့အထိအလုပ်များတော့ ငယ်လည်း သိပ်မဆက်ဖြစ်တော့ပါ။ ဘယ်တော့ပြန်လာတွေ့မယ်ဆိုတာကို ငယ်မေးတိုင်းလည်း သူကမဖြေ။ သေချာပေါက်ပြန်လာခဲ့မယ်ဆိုတဲ့စကားတစ်ခုကပဲ ငယ့်ကိုစိတ်သက်သာရာရစေသည်။

" အငယ်လေး ရောင်နီတို့ရောက်နေတယ် "

" ဟုတ် လာပြီ "

ငယ်အောက်ဆင်းလာတော့ ရောင်နီနဲ့ လွန်းပိုင်စေက ဖေဖေချက်တဲ့ထောပတ်ထမင်းကို တဖြဲနှစ်ဖြဲမြိုနေကြတာကြောင့်ငယ် စိတ်ပျက်စွာကြည့်လိုက်သည်။ အဲ့ဒီနှစ်ယောက်အိမ်ကိုလာတိုင်း ငယ့်ကိုတွေ့ဖို့လား ဖေဖေ့လက်ရာစားဖို့လာတာလားတောင်မသိတော့ပေ။

" မင်းတို့ကောင်တွေ ငါ့ကိုလာခေါ်တာရောဟုတ်လို့လား ငါ့ဖေဖေချက်တာစားချင်လို့ နေ့တိုင်းရောက်ရောက်လာတာမဟုတ်ဘူးလား "

" ဟီး ဟီး မင်းကလည်းကွာ အမ် ဘာလဲ မင်းဘာမှမပြင်ရသေးတာလား "

" အကျီလဲရုံပဲ ခဏစောင့် "

" အိုကေ "

လွန်းပိုင်စေက ဆေးမတတ်ပဲ ငယ်တတ်တဲ့နေရာကိုပဲလိုက်တတ်သည်။ ငယ်တတ်တဲ့စီးပွားရေးတက္ကသိုလ်မှာ ဆယ်တန်းတုန်းကသူငယ်ချင်းတွေနဲ့ပြန်တွေ့ရသည်။ လွန်းပိုင်စေ့အမေဆီကသိရသလောက်ဆို ယဉ်မေနဲ့ပိုင်ရှင်က မိဘချင်းသဘောတူထားကြတာ။ ယဉ်မေကကြိုက်နေပေမယ့် ပိုင်ရှင်ကတော့ တေမိလုပ်နေကာ ငြင်းထားပုံရတယ်။ တကယ်ဆိုယဉ်မေက ဒီလောက်လှတာ လွန်းပိုင်စေက ကြိုက်မယ့်သူတောင်မရှိပဲနဲ့ ကောင်မလေးလှလှလေးကို ပလစ်ထားတယ်တဲ့။ ဒီကောင် အကောင်းတွေနဲ့မတန်တာ။

Mr. Professional ( Ongoing ) Where stories live. Discover now