Part (31) ( Many ways to handle him )

4.1K 433 12
                                    

Zawgyi

ရန်ကုန်ရောက်ပြီးချက်ချင်းဆိုသလို ဝယ်ထားတဲ့ကွန်ဒိုဆီကိုချက်ချင်းသွားရသည်။ ကွန်ဒိုကလည်း သူရန်ကုန်ကိုလာတဲ့အခါတိုင်း ငယ်နဲ့အေးအေးဆေးဆေးနေချင်လို့ဝယ်ထားလိုက်ခြင်းဖြစ်၏။ ငယ့်ကိုတောင် ကွန်ဒိုဝယ်ထားကြောင်းပြောမထားပဲ anniversary နေ့မှ supriseလုပ်ဖို့စီစဉ်ထားခဲ့တာ။ အခု ကြိုတင်စီစဉ်ထားတဲ့ကိစ္စတွေက alcohol ကြောင့် အကုန်ပျက်စီးသွားခဲ့ပြီ။ တကယ်ဆိုရင် သူဆင်ခြင်တုံတရားကင်းမဲ့သွားလို့ ရုံမတင်ရသေးတဲ့ဇာတ်ကားကိုလည်း ထိခိုက်အောင်လုပ်မိသလို ငယ်ကလည်း အထင်လွဲသွားသည်။ သူ့ဘဝမှာ ဒီလောက်ထိမှားယွင်းတဲ့ကိစ္စမျိုးကိုလုပ်မိတာက ပထမဆုံးဖြစ်လို့ ဇောချွေးများပျံသည်အထိ စိတ်ကကယောက်ဂယက်ဖြစ်နေရ၏။

သူရန်ကုန်ရောက်တာနှစ်ရက်ရှိနေပြီဆိုပေမယ့် ငယ့်ကိုလုံးဝဆက်သွယ်မရသလို ကျောင်းမှာစောင့်တော့လည်း ငယ့်ကိုလုံးဝမတွေ့ရပေ။ ဒီလောက်ဆိုရင် ငယ့်အိမ်ကလူတွေ ငယ်နဲ့သူတွဲနေတာကိုသိသွားလောက်တဲ့အခြေအနေမျိုးဖြစ်နေနိုင်တာကြောင့် ငယ်ဘာတွေကြုံတွေ့နေရတယ်ဆိုတာကို သူမပြောနိုင်သေးပါ။ အန်ကယ်တည်မြဲသာ သူတို့ကိုခွဲချင်လျှင် ငယ့်ကို သူနဲ့အဝေးဆုံး ၊ သူလိုက်မမှီနိုင်တဲ့နေရာအထိပို့လိုက်နိုင်ပေမယ့် အခုအခြေအနေက ငယ်က တစ်စုံတစ်ယောက်၏ စောင့်ရှောက်မှုအောက်မှာရှိနေပြီး တင်းကြပ်ခံနေရတဲ့အနေအထားမျိုးမှာရှိနေ၏။

" သခင်လေး မှိုင်းကမ္ဘာအိမ်တော်က မိသားစုတွေအပြင်ထွက်လာတာမတွေ့ရပါဘူး ပြီးတော့ ဦးမှိုင်းညို့ကိုယ်တိုင် သားသမီးတွေကို အကြိုအပို့လိုက်လုပ်ပေးနေတာပါ သားအလတ်ကိုလည်း သူငယ်ချင်းတွေနဲ့အပြင်ထွက်တာမျိုး အိမ်လာလည်တာမျိုးတွေမတွေ့ရတော့ပါဘူး ကြည့်ရတာ အတန်းတတ်တဲ့အချိန်ကလွဲရင် သားအလတ်က အိမ်ထဲကမထွက်တဲ့ပုံစံမျိုးဖြစ်နေပါတယ် "

" အင်း သိပြီ "

သျှန် air podကိုလွှင့်ပစ်လိုက်ပြီး မျက်နှာကိုလက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သည်။ အခုအချိန်မှာကိုယ့်ကိုကိုယ်ဒေါသထွက်လွန်းလို့ တစ်ခုခုလုပ်ပစ်ချင်နေတယ်။ အခု ငယ်ကိုယ်တိုင်ကလိုလိုလားလားနဲ့ သူနဲ့အဆက်အသွယ်ဖြတ်ပစ်လိုက်တာမလား။

Mr. Professional ( Ongoing ) Where stories live. Discover now