Zawgyi
" ဖေဖေ သားတို့ကြာကြာနေလို့မရတာ စိတ်မကောင်းဖြစ်မိတယ် သားကျောင်းပိတ်ရင်ပြန်လာခဲ့ပါ့မယ် "
" အင်းပါ ဖေဖေသိပါတယ် "
" မခွဲနိုင်မခွာနိုင်ဖြစ်မနေနဲ့ New York ကို private flightနဲ့ အချိန်မရွေးသွားလို့ရတယ် "
အလွမ်းသယ်နေသူနှစ်ယောက်ကို တည်မြဲအမြင်ကပ်လာသည်။ သူ့သားက အသက်ဘယ်နှစ်နှစ်မို့လို့လဲ။ အသက်မငယ်တော့လို့ ခိုးရာတောင်လိုက်ပြေးတတ်နေပြီ ၊ ကလေးတစ်ယောက်မှမဟုတ်တော့တာ။ ဟိုနေ့ကလည်း တည်မြဲမမြင်သင့်တာမြင်ခဲ့ရသည်။ တမင်တကာအခန်းခွဲထားပါတယ်ဆိုကာမှ တည်မြဲတို့လစ်တုန်း နမ်းနေကြတာလေ။ deja vuဖြစ်နေသလိုခံစားလိုက်ရတယ်။ မှိုင်းညို့ရဲ့ အဖေတုန်းကလည်း ဒီလိုခံစားခဲ့ရတာများလား။ သားကိုသဝန်တိုတာလေ။ အဲ့တုန်းကတော့ တည်မြဲက သားမက်ဖြစ်နေပြီး ကလေးလည်းမရှိသေးတဲ့အချိန်။ အခု ကိုယ့်သားကို သူများသားက ပွေ့ဖက်နမ်းနေကာမှ ကိုယ်ချင်းစာတတ်တော့သည်။
" မောင်ကလဲ "
ညို့မျက်စောင်းထိုးလိုက်သည်။ ကလေးတွေစိတ်မကောင်းဖြစ်အောင် ပြောနေပြန်ပြီ။
" ကောင်းကောင်း သားကို ဂရုစိုက်ပါ သားကိုပျော်ရွှင်အောင်ထားစေချင်တယ် "
" ကျွန်တော် သေချာပေါက် ငယ့်ကိုပျော်အောင်ထားမှာပါ အဖေ ငယ်ကျွန်တော့်ကြောင့် စိတ်မပင်ပန်းစေရပါဦး "
" မောင် တစ်ခုခုပြောလိုက်ဦးလေ "
" ဘာပြောရမှာလဲ "
တည်မြဲကို မျက်နှာငယ်လေးနဲ့ကြည့်လာတဲ့ သား။ ကျွတ်စ်! သနားစရာကောင်းအောင်လုပ်ပြတတ်တာက သူ့အဖေအတိုင်းပဲ။ ငယ်ငယ်တည်းက သူ့အဖေလုပ်သလိုတွေလိုက်လုပ်တော့ အတတ်မြန်သည်။ မှိုင်းညို့ကလည်းပါးတယ်။ သူဒီလိုတွေလုပ်ပြရင်တည်မြဲက အလျော့ပေးနေကြဆိုတော့ နိုင်ကွက်ကိုသိနေတာ။ သားကိုပါ ဘယ်လိုတွေသင်ပေးထားတယ်မသိ။ သူ့အဖေလုပ်သလို တစ်ပုံစံတည်းလုပ်ပြတာ တူသည်။
" ရှင်းရှင်းပြောရရင် ငါမင်းတို့ကိုအမြင်ကြည်သေးတာမဟုတ်ဘူး ဒါပေမယ့် ငါ့သားကိုစိတ်ဆင်းရဲအောင်လုပ်ရင် မင်းရောမင်းအဖေကိုပါ အရှင်မထားဘူးလို့သာမှတ်လိုက်တော့ "
YOU ARE READING
Mr. Professional ( Ongoing )
RomanceASTILLBE ( Season 2 ) Professional Model တစ်ယောက်ရဲ့ ငယ်ချစ်ဦးက သူ့ထက်ခြောက်နှစ်ကျော်ငယ်တဲ့ ကောင်လေးတစ်ယောက်။ ရေခြားမြေခြားမှာ ရှိနေကြပေမယ့် သူကတော့ ငယ်ချစ်ဦးလေးကို လုံးဝမမေ့ခဲ့ပေ။ ဒါပေမယ့် ငယ်ချစ်ဦးလေးက သူ့ကိုမမှတ်မိတော့ဘူး!! ပြသာနာပဲ။