Part (45) ( ငါတို့က ဘယ်ကနေဘယ်လို အမျိုးတော်သွားတာလဲ!)

3.3K 273 9
                                    

Zawgyi

HR teamနှင့် marketing manager များက bossဝင်လာတာနဲ့တစ်ပြိုက်နက် တိတ်ဆိတ်ကုန်ကြသည်။ အခုcompanyကြော်ညာကိစ္စနဲ့ပတ်သတ်ပြီး သူတို့က ငြင်းခုံနေကြတာဖြစ်ပြီး တစ်ယောက်ideaကို တစ်ယောက်လက်မခံကြပေ။

" bossနောက်က ခုဏက တွေ့လိုက်တဲ့တစ်ယောက်မလား "

" bossရဲ့အမျိုးဖြစ်နေလောက်တယ် ပုံမှန်ဆို bossက guestလာခေါ်လေ့မရှိဘူးလေ maskတပ်ထားတော့ ဘယ်လိုရုပ်ရည်ရှိလည်းမသိဖြစ်နေတယ်ရော မြင်တော့မြင်ဖူးသလိုပဲ "

Bossနောက်ကလူငယ်က bossနဲ့ထပ်ချပ်မကွာလိုက်လာပြီး အတွင်းရေးမှူးဝေယံ၏ ဘေးမှာဝင်ထိုင်လိုက်သည်။ လူအားလုံးကသူ့ကိုအာရုံစိုက်နေကြသော်လည်း လူငယ်က ကြောက်ရွံပုံမပေါ်ပဲ သူတို့ကိုပြုံးပြသည်။ maskတပ်ထားပေမယ့် လူငယ်ရဲ့မျက်နှာက အစိတ်အပိုင်းတွေက ထူးခြားနေသည့်အတွက် သူတို့အကဲခတ်ရတာလွယ်ကူသည်။ သူတို့မေးချင်လို့ ပါးစပ်တွေယားနေပေမယ့် မမေးရဲတဲ့အတွက် မျက်လုံးများဖြင့်သာ အချင်းချင်းစကားပြောနေကြရသည်။ Bossဘက်ကလည်း အခုထိဘာမှဝင်မပြောသေးတဲ့အတွက် သူတို့စောင့်နေရုံအပြင်ဘာမှမရှိ။

" မင်းကိုမင်း မိတ်ဆက်လိုက် "

သျှန်ဆက်ကောင်း နေရာမှထကာ maskကို ဖြုတ်လိုက်သည်။

" ဟဲ့ ဟဲ့ သူက ဟိုမော်ဒယ်လေ ဟုတ်တယ်မလား ငါသိတယ် သူ့ကို "

" ချောလိုက်တာ ကြည့်ကောင်းတယ်ဟယ် "

" ဘုရားရေ! သူက သျှန်ဆက်ကောင်းမလား ဟုတ်တယ်မလား ငါတို့မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာလေးလေ မြန်မာဆိုပေမယ့် အထင်သေးမရတဲ့သူထဲမှာသူပါတယ် အခုဆို nikeရဲ့ brand ambassador ဖြစ်သွားပြီလေ "

" နေပါဦး entertainment က စာထုတ်ထားတာကျတော့ ကျန်းမာရေးပြသာနာကြောင့် ခဏအနားယူတယ်ဆိုပြီး "

သျှန်ဆက်ကောင်းကိုမြင်တာနဲ့ အစည်းအဝေးခန်းကဆူညံသွားသည်။ HR teamက ကိုယ်ဝန်သည်အမျိုးသမီး အေးအေးအောင်ကတောင် သျှန်ဆက်ကောင်းကိုသိနေပြီး သူ့ကြည့်ရတာ မာမားfanနဲ့တောင်တူနေသေးတယ်။

" ဝေယံ "

" ဟုတ် boss အားလုံးပဲ တိတ်ကြပါ၊ ဒီလူငယ်က ငါတို့companyရဲ့ ကြော်ညာမှာ အဓိကပါဝင်သွားမယ့် မော်ဒယ်တစ်ယောက်ပါ မင်းတို့တစ်ခြားမော်ဒယ်တွေနဲ့ စာချုပ်ချုပ်စရာမလိုတော့ပါဘူး အဲ့ဒါကြောင့် ကိုယ့်အပိုင်းကိုယ်သာ ပြည့်စုံအောင် prepareလုပ်ထားလိုက် မေးစရာရှိသေးလား "

Mr. Professional ( Ongoing ) Where stories live. Discover now