Part (48) (Company က ကျရှုံးတော့မှာလား?)

2.6K 254 26
                                    

Unicode

မနေ့ညက အရှိန်နှင့် ငယ် နေ့လည်မှနိုးလာသည်။ တစ်ကိုယ်လုံးသန့်ရှင်းမွှေးကြိုင်နေတဲ့အပြင် ခါးအောက်မှာလည်း ရေနွေးအိတ်ရှိနေတာကြောင့် နေလို့ကောင်းကာ အိပ်ယာမထချင်တော့ပေ။ မနေ့ညက ဟိုလူကြီးကြောင့် ငယ်တော်တော်ငိုခဲ့ရသည်။ မျက်လုံးတွေအင့်နေပြီး သေချာဖွင့်ရန်ခက်ခဲနေလိုက်တာ။ ဒုတိယအကြိမ်မြောက်အတူနေတာက ပထမအကြိမ်လောက်တော့ မဆိုးဝါးလှ။ ထနိုင်သေးသည်။

" အကို ဘယ်ရောက်သွားတာလဲ "

မနေ့ညက ဟိုအမပြောတာတွေကို အကို့ဆီပြန်တိုင်လိုက်တယ်ဆိုတာက ငယ်တမင်ရည်ရွယ်တာဖြစ်သည်။ ပြောရင်းနဲ့ သိမ်ငယ်စိတ်ဝင်မိတာလည်းမှန်ပေမယ့် ကာယကံရှင်ကတောင် ငယ့်ကို မငြိုငြင်တာ ငယ်ကရော ဘာလို့ သူများစကားကြောင့် ပြိုလဲသွားရမှာလဲ။ သူကများ ငယ့်လူကို ပိုင်ဆိုင်ချင်သေးတယ်တဲ့။ အကို့ကိုလိုချင်ရင် အရင်တည်းက အပိုင်ယူထားပေါ့ ၊ သူများလက်ထဲရောက်မှ ငါ့ဟာဆိုပြီး ပြန်လုယူချင်တာက အောက်တန်းကျလွန်းတယ်မလား။

" သျှန် သျှန်! ငါဘာလုပ်မိလို့လဲ ငါနေမကောင်းသေးဘူးလေ "

ဆူဆူညံညံအသံတွေကြောင့် ငယ် ဖြည်းဖြည်းထကာ တံခါးဝကနေ ချောင်းကြည့်လိုက်သည်။ ဟိုမိန်းမရဲ့ luggageက အိမ်ပေါက်ဝနားမှာ ၊ ဘာတွေဖြစ်နေလဲမသိတာကြောင့် ငယ်နားစွင့်နေလိုက်သည်။

" မင်း ငယ့်ကို ဘာတွေလျှောက်ပြောထားတာလဲ "

" ငါ ဘာပြောမိလို့လဲ ငါနေမကောင်း "

" ငယ့်က ငါ့တတ်လမ်းကိုပိတ်နေတာဆို မိသားစုဘဝကိုမပေးနိုင်ဘူးဆိုတာတွေက မင်းမှမပြောရင် ဘယ်သူကပြောမှာလဲ "

" ဟုတ်တယ် ငါပြောခဲ့တယ် ဒါပေမယ့် အဲ့ဒါဘာမှားနေလို့လဲ ငါပြောတာအမှန်တွေပဲ သျှန် အမှန်တရားကို နင်လက်ခံသင့်တယ် မျိုးတူယောကျာ်းတစ်ယောက်ကို နင်ချစ်နေတာ မှားနေပြီ သျှန် "

" စင်ဒီ မင်းလို ပြည်ပမှာနေတဲ့သူက ဒီလောက်အမြင်ကျဉ်းမယ်လို့ ငါထင်မထားဘူး "

" ငါအမြင်ကျဉ်းတာမဟုတ်ဘူး သျှန် ငါ လိင်တူချစ်တာကို နားလည်ပေးနိုင်တယ် ဒါပေမယ့် နင်ဖြစ်နေလို့ လက်မခံနိုင်တာ ဘာလို့ နင်က ဒီလိုဖြစ်နေရတာလဲ ဟင်! အခုအချိန်ရှိသေးပါတယ် အဲဲ့ဒီကလေးနဲ့ လမ်းခွဲလိုက်ပါ အရင်က သျှန်အဖြစ် ငါ့အနားပြန်လာခဲ့ပေးလို့မရဘူးလား ဟင် "

Mr. Professional ( Ongoing ) Where stories live. Discover now