Part (32) ( Can't help but miss you )

4.3K 397 15
                                    

Zawgyi

" လီယို! ဒီကိုလာစမ်း အေ့ "

" သခင်လေး "

သူ့နာမည်ကိုအော်ဟစ်နေတဲ့ သခင်လေးဒေမီယန်ကိုကြည့်ကာ လီယိုစိတ်ညစ်လာသည်။ သူဋ္ဌေးအနားမှာနေပြီး သူဋ္ဌေးခိုင်းတာလုပ်နေရတာမှဟုတ်သေးသည်။ အခုတော့ ဒီအောက်ခြေလွတ်နေတဲ့ သခင်လေးရဲ့ ကိစ္စတွေကိုလိုက်ရှင်းနေရတာနဲ့တင် သူခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ ဒီနေ့ညနေက ညစာစားပွဲတစ်ခုပြီးနောက် ဂုဏ်ပြုအရက်သောက်တဲ့အချိန်မှာ ဒါရိုက်တာက မင်းသားကိုမြှောက်စားတဲ့အနေနဲ့ ထပ်ခါထပ်ခါအရက်ငှဲ့ပေးနေ၍ ဒေမီယန်က ခေါင်းမထောင်နိုင်တဲ့အထိဖြစ်သွားရတာ။

" သခင်လေး သတိထားပါဦး ဒီတိုင်းလှဲနေလို့မဖြစ်ဘူးလေ "

ဒေမီယန်က လက်တစ်ချောင်းတောင်မမြှောက်နိုင်တော့တာကြောင့် လီယိုက သူ့ကိုတွဲခေါ်လိုက်သည်။ ပုံမှန်အားဖြင့် လီယိုက သန်မာပြီး အရပ်ရှည်သည့်ကောင်လေးတစ်ယောက်ဖြစ်ကာ 49kg ရှိသည့် လူနှစ်ယောက်လောက်ကိုတော့ ပုခုံးပေါ်ထမ်းနိုင်သည်။ သို့သော် ဒေမီယန်က လူကောင်အရမ်းထွားပြီး အရပ်ရှည်သည့်အတွက် လီယို ဆွဲထူဖို့တောင်အားယူလိုက်ရသည်။ ရွှေရောင်ဆံပင် မျက်လုံးပြာပြာနဲ့ အနောက်တိုင်းသားက သူ့ထက်ငယ်ပြီး ဖွံ့ဖြိုးလွန်းနေသည့်အတွက် ကပြားဖြစ်သည့် လီယိုက သာမန်ဖြစ်နေတော့သည်။

" ဘာလို့ဒီလောက်လေးရတာလဲ ဆင်ကိုယ်လုံးလိုပဲ "

" ဘာ! မင်းအလုပ်ပြုတ်သွားချင်လို့လား "

" သခင်လေးက ကျွန်တော့်ကိုအလုပ်ခန့်ထားတာမဟုတ်ပဲ သူဋ္ဌေးကအလုပ်ခန့်ထားတာပါ "

" ကျစ်! စိတ်ပျက်ဖို့ကောင်းအောင် ခဏခဏပြောနေတော့တာပဲ "

ဒေမီယန်သည် သူ့အိတ်ထဲမှ ဒေါ်လာအထပ်လိုက်ကို လီယို့ရင်ဘက်ဆီပစ်ပေါက်လိုက်ပြီး ထိုအပြုအမူက လီယို့ မာနကိုထိခိုက်စေတာကြောင့် လီယို ဒေမီယန့်ကိုယ်ကြီးကို လွှတ်ချလိုက်သည်။ မူးရူးနေတဲ့ကောင်က သူ့ခြေထောက်ပေါ်တောင်သူမရပ်နိုင်ပဲ ဘေးတစောင်းကြီးကျသွား၏။ လီယို့ရဲ့ မရှိမဲ့ရှိမဲ့ဒေါသလေးတွေစုပုံသွားတာကြောင့် ဒေမီယန့်ကို အိမ်အပြင်မှာထားခဲ့ဖို့ဆုံးဖြတ်လိုက်သည်။

Mr. Professional ( Ongoing ) Där berättelser lever. Upptäck nu