Part (9)

5.8K 637 31
                                    

Zawgyi

" မျက်နှာကိုတော့ မရိုက်နဲ့ ဒယ်ဒီ "

" လီယို သူ့ကိုခေါ်သွားလိုက် "

" သူဋ္ဌေး ကျွန်တော်တောင်းပန်ပါတယ် ဒီတစ်ခေါက်တော့ သျှန့်ကိုခွင့်လွှတ်ပေးပါ ကျွန်တော့်အမှားလည်းပါပါတယ် မလွှတ်လိုက်သင့်ဘူး "

Ben ချွေးတွေပြန်လာသည်။ သူဋ္ဌေးက ဘယ်အချိန်တည်းက သိနေတာများလဲ။ သျှန်ပြန်ရောက်ရောက်ခြင်း ချက်ချင်းရောက်လာပြီး သျှန့်ကိုဆောင့်ကန်လိုက်တာဖြစ်သည်။ ကိုယ့်သားအရင်းခေါက်ခေါက်ကို ဘယ်လိုများလုပ်ရက်ရတာလဲ။ သူဋ္ဌေးကို လအတော်ကြာမတွေ့ရပေမယ့် သူဋ္ဌေးက အကုန်လုံးကိုသိနေပြီး ဘာမှမလုပ်သေးရုံသာရှိသည်။ သျှန်က အမေမရှိသည့်ကလေးဖြစ်ပြီး သူဋ္ဌေးက သူ့သားကိုဘယ်လိုနည်းနဲ့ပျိုးထောင်နေခဲ့သလဲဆိုတာ Benမသိ။ Ben သူဋ္ဌေးစီမှာအလုပ်ဝင်တုန်းက သျှန်က အသက်ဆယ့်ရှစ်သာရှိသေးသည်။ အကြောင်းအမျိုးမျိုးကြောင့် သျှန်က ပုန်ကန်ချင်စိတ်ရှိပြီး သူဋ္ဌေးကို မုန်းတီး၏။

" သူဋ္ဌေး ခွင့်လွှတ်ပေးပါ နောက် ဒီလိုမဖြစ်စေရပါဘူး "

" Ben ငါမင်းကိုအလုပ်ခန့်ထားတာက ယုံကြည်လို့ဆိုတာ မင်းသိမှာပါ မင်းအနေနဲ့ ငါ့ဆီမှာအလုပ်မလုပ်ပဲ တစ်ခြားနေရာတွေကိုသွားလို့ရတယ် "

" ကျွန်တော့် သူဋ္ဌေးဆီမှာပဲ အလုပ်ဆက်လုပ်ချင်တာပါ နောက် ဒီလိုမဖြစ်စေရဘူးလို့ ကျွန်တော်ကတိပေးပါတယ် "

Ben သူဋ္ဌေးကိုတောင်းပန်နေတုန်း ရေထဲကိုတစ်ခုခုပြုတ်ကျသွားသံကြားလိုက်ရသည်။ ဗီလာတွင် ဆောက်ထားသည့်ရေကူးကန်က လူတစ်ရပ်စာလောက်အနက်ရှိသည်။

" လီယို! သူဋ္ဌေး တောင်းပန်ပါတယ် တစ်ခြားနည်းနဲ့ပဲ ဖြစ်ဖြစ် "

ရေကန်အောက်ခြေမှ သျှန့်ကို Benမြင်နေရသည်။ လက်ကိုနောက်ပြန်ကြိုးတုပ်ပြီး ပါးစပ်ကို အဝတ်စည်းကာ ရေကန်ထဲတမင်ပစ်ချထားတာဖြစ်သည်။ ခြေထောက်တွေကိုလည်းကြိုးချည်ထားတာကြောင့် သျှန်က အစပိုင်းတော့ ရုန်းကန်နေသေးသည်။ ဦးကောင်းမွန်ဟိန်းက ရက်စက်လွန်းလှသည်။ အရင်တစ်ခါကလည်း ကျာပွတ်နှင့်ရိုက်ပြီး တစ်ပတ်လောက် အကျယ်ချုပ်ထားသေး၏။ သျှန်စကားနားမထောင်တဲ့အခါတိုင်း ကြီးကြီးမားမားအပြစ်မျိုးအပေးခံရတာကို Benမြင်ရတာ ဒါပထမဆုံးမဟုတ်။ ရေကန်ထဲပစ်ချတာက မြင်ဖူးသမျှထဲမှာ ကြောက်စရာကောင်းဆုံးအပြစ်ဒဏ်ဖြစ်သည်။

Mr. Professional ( Ongoing ) Où les histoires vivent. Découvrez maintenant