Part (5)

7.4K 775 24
                                    

Zawgyi

" ငါ့ကိုမပြောပဲမင်းတစ်ယောက်ထဲထွက်သွားတာလေ သျှန် မင်းမြန်မာကိုမပြန်တာ ဘယ်လောက်ကြာနေပြီလဲ မင်းအဲ့ဒီကနေရာတွေကိုတောင်မှတ်မိမှာမဟုတ်တော့ဘူး သျှန် "

" မင်းရောက်တောင်ရောက်နေပြီပဲ ငါကဘာဆက်ပြောရတော့မှာလဲ သူဋ္ဌေးကငါ့ကို ဘယ်နှစ်ခါလောက်ဖုန်းဆက်ပြီး မင်းအကြောင်းမေးနေလဲသိလား အခုတစ်ခါလိမ်တာကပြသာနာမရှိပေမယ့် မင်းအဖေသိသွားရင် ကျစ်! ဖုန်းချသွားပြီ ကောင်းရောကွာ "

ကွန်ဒိုတစ်ခုအတွင်းရှိ ကိုယ်ပိုင်ရုံးခန်းတစ်ခုထဲ၌ အသားခပ်ညိုညို ၊ ခပ်တောင့်တောင့်လူငယ်တစ်ယောက်က ဖုန်းပြောနေသည်။ Stylist Rikaက ဆိုဖာခုံလေးပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ နွားနို့သောက်နေ၏။ Rikaက Bentley ကိုတစ်ချက်ကြည့်ကာ သူ့အရှေ့ကခုံတွင်လာထိုင်ဖို့ အချက်ပြလေသည်။ Benကတော့ ဒေါသမပြေသည့်ပုံပင်။ Rika နွားနို့ကို တစ်ဝက်လောက်သောက်ပြီးမှ ကြွေပန်းကန်လှလှလေးပေါ် ပြန်တင်လိုက်သည်။

" ရှင်စိတ်လျော့ပါဦး သျှန်သွားတာက တစ်ရက်နှစ်ရက်လောက်ပဲကြာမှာ ရှင်လိုက်သွားရင် သူ့ကိုလူတွေပိုပြီးသတိထားမိကုန်မယ်မထင်ဘူးလား "

" အဲ့ဒီကောင်ကအမြဲဒီလိုပဲ သူမနေ့ကပြောတော့ ကိုယ့်ကိုခေါ်သွားမယ်ပြောပြီး မနက်အစောပိုင်းလေယာဉ်နဲ့ လိုက်သွားတယ် သူဋ္ဌေးက ကိုယ့်ဆီဖုန်းဆက်ပြီး သျှန့်အကြောင်းမေးလာတယ် အခုကတော့ လိမ်လို့အဆင်ပြေသေးပေမယ့် မကြာခင် သူဋ္ဌေးသိသွားလိမ့်မယ် "

" Rikaမသိလို့ ဘာလို့ သျှန့်အဖေက ဒီလောက်အထိ သူ့သားကို ဖိအားတွေပေးနေရတာလဲ သျှန်အခု သူဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတာမို့ ဖိအားတွေအောက်မှာအသက်ရှုနိုင်နေတာဆိုပေမယ့် ကြာရင် ရုန်းထွက်ချင်လာလိမ့်မယ် အခုလည်း သျှန်က သူ့အချစ်ဦးကောင်မလေးကို တွေ့ဖို့ ပြန်သွားတာမလား Rikaကတော့ နှလုံးသားနောက်လိုက်တဲ့သူတွေကို သဘောကျတယ် "

" မင်းတကယ်ပဲ အဲ့ဒီအချစ်ဦးကို မိန်းခလေးလို့ထင်တာလား "

" အဲ အဲ ဒါဆို သျှန်က ちょっと待って! "

Mr. Professional ( Ongoing ) Where stories live. Discover now