Part (36) ( မထင်မှတ်ထားသောသူ ရောက်ရှိလာခြင်း )

3.7K 386 10
                                    

Zawgyi 

University ရှေ့ကိုရောက်တာနှင့် ငယ်ရင်တွေတုန်လာသည်။ ငယ်ငယ်က ဖေဖေ ကျောင်းကိုပထမဆုံးလိုက်ပို့တုန်းကလို အကြောက်တရားမျိုးကို ငယ်အသက်နှစ်ဆယ်ပြည့်ပြီးနောက်ပထမဆုံးအကြိမ်ပြန်ခံစားလိုက်ရသည်။ အဆောက်အဦးကြီးကိုမြင်ရတာနဲ့တင်စိတ်လှုပ်ရှားမှုကိုခံစားရပြီး Alma Mater ပန်းပုရုပ်ထုကလည်း ကြီးမြတ်လှသည်။ နိုင်ငံခြားမှာကျောင်းတတ်ရတာက ထင်တာထပ်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းနေ၏။ ကျောင်းသားကျောင်းသူများစွာကအဆောက်အဦးထဲကနေ ဝင်လိုက်ထွက်လိုက်ဖြင့်ရှိနေပြီး လူဖြူလူမဲ၊ aisan စသည်ဖြင့် စည်ကားနေသည်။

ကော်ဖီစေ့ရောင် Lamborghini လေးက ကျောင်းဝန်းထဲဝင်ရောက်လာ၏။ 70%သောကျောင်းသားကျောင်းသူတွေရဲ့အာရုံကိုရုတ်တရက်ဖမ်းစားသွားတဲ့အတွက် ငယ်ပိုပြီးစိတ်လှုပ်ရှားသွားသည်။ ငယ့်ချစ်သူက ငယ်ကျောင်းစတတ်တဲ့ပထမဆုံးနေ့မှာ မျက်နှာမငယ်စေချင်၍ သူတစ်ခါမှထုတ်မစီးဖြစ်တဲ့ ကားအသစ်ဖြင့် ကျောင်းကိုလိုက်ပို့တာဖြစ်လိမ့်မည်။ ငယ်မေးတုန်းကတော့ " ဒီ​နေ့စီးချင်စိတ်ပေါ်လာလို့ " တဲ့။ အခုတော့ အကြောင်းအရင်းကို ငယ်သိလိုက်ပြီဖြစ်သည်။

သျှန်ဆက်ကောင်းက air-conဖွင့်ထားသော်လည်း ချွေးပြန်နေတဲ့ ကလေးငယ်ကို ကြည့်လိုက်သည်။ လက်အချင်းချင်းပွတ်နေပြီး မျက်လုံးလေးတွေကဂဏှာမငြိမ် ၊ ရင်ဘက်ကနိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အောက်နှုတ်ခမ်းကိုခဏခဏကိုက်နေတဲ့ ချစ်သူလေးက စိတ်လှုပ်ရှားနေပုံပင်။ ငယ့်ကို စိတ်သက်သာရာရစေရန် သျှန်ငယ့်လက်ကို ဆုပ်ကိုင်လိုက်သည်။

" စိတ်လှုပ်ရှားနေတာလား "

" အင်း ကျွန်တော်ကြောက်တယ် ကျွန်တော်က english လိုအရမ်းမကျွမ်းဘူး သူတို့အထင်သေးသွားရင်ဘယ်လိုလုပ်မလဲ "

" ငယ်စိတ်မပူပါနဲ့ ဒီမှာတတ်နေတဲ့မြန်မာ​တွေရှိတယ် ပြီးတော့ ကိုယ့်သူငယ်ချင်းက ဒီကျောင်းမှာအငယ်ဆုံးဆရာလေ သူ့မှာတူလေးတစ်ယောက်ရှိတယ် သူကလည်း ဒီမှာအခုမှစတတ်မှာဆိုတော့ ငယ်အဖော်ရတာပေါ့ ကိုယ်သူ့ကိုအကူအညီတောင်းထားတယ် "

Mr. Professional ( Ongoing ) Where stories live. Discover now