Part (2)

10.8K 925 50
                                    

Zawgyi

The Global Popular Show ပွဲကြီးတစ်ခုတွင်ဖြစ်သည်။ နာမည်ကြီး မော်ဒယ်များနှင့် ဒီဇိုင်နာများက သီးသန့်အခန်းကြီးများတွင် နေရာယူထားကြသည်။ ပွဲမစခင် rehearsal လုပ်ရန် ပြင်ဆင်နေကြပြီး make-up artist များသည်လည်း အလုပ်များလျက်ရှိနေ၏။

" Mr. Louis လာပြီ သျှန်ဘယ်မှာလဲ နောက်ကျလိုက်တာ "

" တို့က အချိန်မလေးစားတဲ့ လူတွေကို သဘောမကျဘူး တို့မှာလုပ်စရာတွေအများကြီးရှိသေးတယ် "

" ဒီမှာပါ Mr. Louis နောက်ကျသွားတာ တောင်းပန်ပါတယ် Gymမှာ ပြသာနာလေးနည်းနည်းပေါ်သွားလို့ "

Louisက အတွန့်တတ်လိုက်ချင်သေးသော်လည်း သူ့မြင်ကွင်းထဲဝင်လာသည့်လူကြောင့် မေးရိုးများအောက်ကျသွားသည်။ သန်မာကြံ့ခိုင်တဲ့ခန္တာကိုယ် ၊ ကြည်လင်ပြီး ညိုစိုနေတဲ့အသားအရည်။ formal suitကို အပေါ်ကုတ်မပါပဲရောက်လာတာဖြစ်သည်။ အလျင်လိုသဖြင့် ချွေးများထွက်နေခြင်းက တီရှပ်အဖြူကို ကိုယ်တွင်ကပ်ရပ်သွားစေသည်။ formal suitက သူနှင့်အကိုက်ဖြစ်နေပြီး တောင့်တင်းသောရင်အုပ်နှင့် ခပ်တောင့်တောင့်ပေါင်တံများကြောင့် Louis မျက်နှာနီရဲလာသည်။ ပေါင်တံတွေတောင် သန်စွမ်းတယ်ဆိုတော့ အိပ်ယာပေါ်မှာလည်း တော်တော်သန်မာမှာပဲ။

" Oh my god! "

Mr. Louis က စိတ်လှုပ်ရှားမှုကိုတောင်မထိန်းချုပ်နိုင်တော့ပေ။ မန်နေဂျာ ၊ Stylist တို့ကိုကျော်၍ တောင့်တင်းနေသောခန္တာကိုယ်ကိုထိကိုင်မိလေသည်။ တောင့်တင်းသောရင်အုပ် ၊ လက်မောင်းကြွက်သားများကို စိတ်ရှိလက်ရှိကိုင်တွယ်နေလေရာ သျှန်ဆက်ကောင်း မျက်မှောင်များပင်ကြုတ်မိသွား၏။

" တောင့်တင်းသန်မာလိုက်တာ တို့မျက်လုံးနဲ့ မြင်ခဲ့ရသမျှ မော်ဒယ်တွေထဲမှာ မင်းက Top 3 ထဲ ဝင်တယ် ကောင်လေး သဘောကျလိုက်တာ မဆိုးဘူး ငါမင်းကိုရွေးတယ် "

Louis က အကျေနပ်ကြီးကျေနပ်နေ၏။ တစ်ခါတစ်လေ သျှန်ဆက်ကောင်း၏ ပေါင်တံများဆီ မျက်လုံးကရောက်ရောက်လာ၍ မလုံခြုံမှုကိုတောင်ခံစားရသေးသည်။ သူ မန်နေဂျာကိုတိုးတိုးမေးလိုက်သည်။

Mr. Professional ( Ongoing ) Dove le storie prendono vita. Scoprilo ora