Part (43) ( ငယ်နဲ့ကိုယ့်ကြားမှာ ကြားလူဝင်တာလက်မခံနိုင်ဘူး )

3.3K 313 14
                                    

Zawgyi

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချိန်ကွာဟချက်ရှိနေ၍ သျှန်မနေ့ညက ကောင်းကောင်းအိပ်မပျော်ပါ။ အန်ကယ်တည်မြဲ သူ့ကိုအကောင်းမြင်လာအောင် ဘာတွေလုပ်သင့်လည်းဆိုတာနဲ့ပတ်သတ်ပြီး အတွေးတွေများနေ၍ မနက်သုံးနာရီလောက်မှ အိပ်ပျော်သွားခဲ့သည်။ ထင်သလောက်မလွယ်ကူမှန်းလည်းသိသည်။ ဒါပေမယ့် မနက်လေးနာရီလောက်ကြီးမှာ guest roomကို တဒုန်းဒုန်းထုနေတဲ့အသံကြီးနှင့်အတူ တံခါးရှေ့မှာ ခပ်တည်တည်ရပ်နေတဲ့အန်ကယ့်ကို မြင်ရတော့ သူအံ့သြမိသွား၏။ လက်ထဲမှာက ဂေါက်ရိုက်တံ ၊ ရပ်နေတဲ့ပုံက serial killer တစ်ယောက်လိုမျိုး။ ထိုအချိန်မှာ သူခေါင်းနပန်းကြီးသွားတာတော့ အမှန်ပါပဲ။

" ဟေ့ကောင် ဘာလုပ်နေတာလဲ! လာသယ်လေ "

ဂေါက်ကွင်းတစ်ခုတွင်ဖြစ်သည်။ သျှန် ဂေါက်ရိုက်တံများထည့်ထားတဲ့အိတ်ကို ကျောတွင်လွယ်ထားပြီး လက်ထဲမှာလည်း ဂေါက်သီးထုတ်နှင့် လက်အိတ်နှင့် ဝိတ်တုံးများထည့်ထားသည့် အိတ်တစ်လုံးကို ဆွဲထားရသည့်အတွက် မအားလပ်ချေ။ အန်ကယ်က ဒေါသကြီးသူဖြစ်တာကြောင့် သျှန် စကားလေးတစ်ခွန်းတောင်မဟရဲပေ။ ငယ့်အဖေက သူ့ကို ငယ်ငယ်လေးတည်းက သိပ်သဘောမကျတာကိုလည်း သိသည်။ ပြီးတော့ ဒီလိုမျိုး နှစ်ယောက်ထဲ သီးသန့်စကားမပြောဖူးပါ။

" လူငယ်ဖြစ်ပြီး နှေးကွေးနေတာ ဂေါက်တံတွေပေး "

" ဟုတ် "

တည်မြဲ ကမ်းပေးလာတဲ့ အိတ်ကို ဆွဲယူကာ မျက်ထောင့်နီနဲ့ကြည့်လိုက်သည်။ အချိုးမပြေလိုက်တာ ဒီကောင်က ၊ သူ့အဖေအတိုင်းပဲ။

" member cardလေး ပြပေးပါခင်ဗျ ၊ ကျေးဇူးတင်ပါတယ်ဗျ ဝင်လို့ရပါပြီ "

တည်မြဲတို့ ဂေါက်ရိုက်ရန် ကွင်းထဲရောက်လာခဲ့သည်။ ကွင်းထဲမှာ ဂေါက်လာရိုက်တဲ့သူတွေရှိနေပြီး အဆောက်အဦးအတွင်းက gym မှာလည်း လူတွေတော်တော်များသည်။ ဖွင့်တာသိပ်မကြာသေးပေမယ့် ရလဒ်ကကောင်းတယ်ပဲ ပြောရမလား။ တည်မြဲနဲ့ အသိလုပ်ငန်းရှင်တော်တော်များများကို gymမှာတွေ့ခဲ့ရသည်။

" ဟာ! ကိုတည်မြဲပါ့လား လာမယ်ထင်မထားဘူး ဂေါက်မရိုက်တာကြာလို့ skillတွေလျော့ကုန်လောက်ပြီထင်တယ် ကျုပ်က ခင်ဗျားကိုနိုင်ချင်လို့ personal trainer နဲ့ တောင် trainထားတာဗျ ဟား ဟား "

Mr. Professional ( Ongoing ) Where stories live. Discover now