Part (21) ( Movie Date လိုမျိုး )

4.9K 410 24
                                    

Zawgyi

ဒီနေ့မနက်ပိုင်း ငယ်အခန်းထဲက ခိုးကြောင်ခိုးဝှက်ထွက်ပြီးမှ ထမင်းစားခန်းထဲကို ခြေသံမကြားအောင်ဝင်သည်။ မနေ့က အကြောင်းတွေးရင် မျက်နှာကို ဘယ်နားပြေးဖွက်ရမယ်ဆိုတာမသိ၍လည်း ငယ်ဗျာများနေရ၏။ တကယ်ဆိုရင် ငယ့်ဘာသာ စကားမှားသွားတာကို မရိုးမသားတွေးတဲ့ ဟိုလူကြီးအပြစ်ပဲမဟုတ်ဘူးလား။ ဘယ်သူက ငယ့်နှုတ်ခမ်းလေးကိုနမ်းခွင့်ပြုလို့ နမ်းသွားရတာလဲ။ အထူးသဖြင့် သူ့အနမ်းတွေမှာ မြောပါသွားမိတဲ့ ငယ့်ကိုငယ် ထုရိုက်ပစ်လိုက်ချင်တယ်။

ငယ့်နှလုံးခုန်သံတွေက စီးချက်မကျ။ ကိုယ့်ကိုကိုယ်အဖြောင့်ပါလို့ သတ်မှတ်ထားတဲ့ငယ်က ယောကျာ်းတစ်ယောက်ရဲ့ အနမ်းကြောင့် မူမမှန်နေတာကို ငယ်လက်မခံနိုင်။ ဒါပေမယ့် ထိုလူကြီးရှေ့ဆိုရင် ငယ်အရမ်းမစွာရဲပေ။

" သားငယ် "

" ဗျ ဗျာ "

ငယ် တိတ်တိတ်ဆိတ်ဆိတ်လေးနှင့် မုန့်ဟင်းခါးခိုးစားကာ ကိုယ့်အတွေးကိုယ် နစ်မြောနေတုန်းရှိသေးသည်။ ဖေဖေ့အသံက ငယ့်နောက်ကထွက်လာတော့ ရင်တွေတုန်ကာ မုန့်ဟင်းခါးဖက်တောင်နင်တော့မလိုပင်။ လန့်သွားတာကြောင့် ရင်ဘက်ကိုဖိလက်စနဲ့ ဖေဖေ့ကို မော့ကြည့်တော့ ဖေဖေက ငယ့်ပါးကိုညှစ်ကာ

" ဖေဖေ့သားငယ်လေးက ဒီနေ့အစောကြီးနိုးနေလို့ ဖေဖေတောင်လန့်သွားတယ် မုန့်ဟင်းခါး ဘယ်သူထည့်ပေးတာလဲ ဒေါ်မြင့်လား "

" သားဘာသာထည့်တာပါ ဟို လူကြီးတွေအတွက် ဦးချထားပါတယ် ဗိုက်ကလည်းအရမ်းဆာနေတာနဲ့ "

" လူလည်လေး ဒီနေ့ သူငယ်ချင်းတွေနဲ့အပြင်ထွက်မယ်ဆို ကောင်းကောင်းနဲ့ Marioကိုပါ သားတို့နဲ့ခေါ်သွားပါ့လား သူတို့က မနက်ဖြန်ပြန်မှာဆိုတော့ လျှောက်လည်လို့ရအောင်လေ "

" ဒါပေမယ့် သားတို့က လူငယ်လေးတွေလေ သူတို့ကကျတော့ "

" သူတို့က ဘာဖြစ်လဲ သားကလည်း ကောင်းကောင်းက သားထက် ခုနှစ်နှစ်ပဲကြီးတာပါ အကုန်လုံးလူငယ်လေးတွေပဲမဟုတ်ဘူးလား ဟင် "

" ဒါပေမယ့် ဒါပေမယ့် "

ဖေဖေကလည်းနော်။ ငယ် ဟိုလူကြီးကိုမျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုမှ အရောက်ပို့နေပြန်ပါပြီ။ အဲ့ဒီကိစ္စကြောင့် ငယ် သူ့ကိုရှောင်နေတာပါဆိုမှ။ ငယ် မုန့်ဟင်းခါးစားရင်း နှုတ်ခမ်းကိုစူလိုက်မိသေးသည်။

Mr. Professional ( Ongoing ) Where stories live. Discover now