Part (14) ( ကိုယ် ငယ့်ကိုလွမ်းနေပြီ )

6.6K 585 36
                                    

Zawgyi

မှိုင်းကမ္ဘာငယ်အိမ်တွင်းပုန်းနေတာ တစ်ပတ်ဆိုသည့်အချိန်ကာလပင်ရှိနေပြီဖြစ်သည်။ ဘာလို့ သူတွဲသမျှကောင်မလေးတွေက သူ့ထက်ကိုကို့ကိုပဲ ကြိုက်နေကြတာလဲ။ ဖွင့်ပြောတဲ့သူက ငယ်ဆိုပေမယ့် သူတို့က အဖြေပေးမလိုလိုနဲ့ မျှော်လင့်ချက်တွေပေးသွားပြီးတော့မှ ငြင်းကြသည်။ ငြင်းတဲ့ အကြောင်းပြချက်တွေကလည်း အသက်ငယ်လွန်းလို့ ၊ အသားအရမ်းဖြူလို့ ၊ သူတို့ရဲ့ type မဟုတ်လို့နဲ့ အကြောင်းပြချက်ပေါင်းစုံဖြစ်သည်။

ငယ် နောက်ဆုံးဖွင့်ပြောတဲ့ မမဆိုရင် ငယ့်တစ်ကိုယ်လုံးကိုခြုံငုံကြည့်ပြီးနောက် ပြောသွားသည်။

" မမ မရှချင်ဘူး " တဲ့။

ငယ့်မှာ ဘာအပြစ်များရှိလို့လဲ။ အသက်ငယ်တာအပြစ်လား ၊ အသားဖြူတာအပြစ်လား။ ငယ် အတတ်နိုင်ဆုံး ခပ်မိုက်မိုက်လေးပဲ နေတာဖြစ်သည်။ ငယ့်အရပ်က ကိုကို့လောက်မရှည်ပေမယ့် ငါးပေခုနှစ်လက်မ ဆိုတာကလည်း နည်းနည်းနောနောအရပ်လား။ မြန်မာနိုင်ငံမှာနေတာပဲ ဒီလောက်တော့ရှိမှာပေါ့။ ငယ့်ထက်အရပ်ပုတဲ့ ကောင်လေးတွေတောင် စော်တွေနဲ့။ ငယ့်မှာ ဘာတွေများ မပြည့်စုံနေတာရှိလို့လဲ။

" ညီလေး ကိုကိုဝင်ခဲ့မယ် "

သက္က ညီဖြစ်သူ၏ အခန်းထဲဝင်လိုက်သည်။ အိမ်ရဲ့ဆည်းလည်းလေးက ဒီရက်ပိုင်းတွေမှာ အရမ်းငြိမ်တာတကြောင့် ဖေဖေက စိတ်ပူပြီး သက္ကကို ရအောင်မေးခိုင်းလိုက်တာဖြစ်၏။

" ညီလေး ဘာဖြစ်နေတာလဲ ကိုကို့ကိုပြောလေ "

" အဟင့် ကိုကို့ကြောင့်လေ ကျွန်တော်ကြိုက်တဲ့ မိန်းခလေးတွေက ကိုကို့ကိုပဲ ကြိုက်ကုန်ကြတာ ကိုကိုမကောင်းဘူး! အမြွှာချင်းအတူတူပဲကို ဘာလို့ ကျွန်တော်ကျမှ စန်းကျနေရတာလဲ "

" ညီလေးကို ချစ်တဲ့သူတွေရှိပါတယ် ညီလေးက ချစ်သူထားဖို့ ငယ်သေးတယ်လေ "

" ကိုကိုက စကားပြောတာတောင် ရိုးရိုးကြီး ရည်းစားပါဆို ရည်းစားဆိုတာက အတည်မှမဟုတ်တာ ပြတ်လွယ်တယ် ကျွန်တော်က ရည်းစားလိုချင်တာ ချစ်သူမဟုတ်ပါဘူးဆို! "

Mr. Professional ( Ongoing ) Where stories live. Discover now