ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးဆီမှ အမိန့်ကြောင့် ဝိညာဉ်နတ်ဆိုးဂိုဏ်း၏ မဟာအကြီးအကဲများနှင့် အကြီးအကဲများသည် ခန်းမထဲသို့ ဆယ်မိနစ် အတွင်း စုဝေးလာကြသည်။

သို့သော် ခန်းမထဲသို့ သူတို့ ရောက်ရှိသွားချိန်၌ ဂိုဏ်းခေါင်းဆောင် ထိုင်သောထိုင်ခုံတွင် အနက်ရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးတို့က ဘေးတစ်ဖက်စီ၌ ရိုသေလေးစားစွာ ရပ်နေကြသည်အား တွေ့လိုက်ချိန်တွင် သူတို့၏ စိတ်နှလုံးသည် အံ့အားသင့်မှုများ၊ သံသယများဖြင့် တုန်ခါသွားကြရသည်။

မည်သူကမှ ရှောင်လုံ၏ နောက်ခံကို မခန့်မှန်းနိုင်ကြသလို သူ ထိုနေရာ၌ ထိုင်နေသည့်အတွက်လည်း အပြစ်မတင်ရဲကြပေ။ သို့သော် သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးက ရှောင်လုံကို 'သခင်' ဟုခေါ်ပြီး သူတို့အား ရှောင်လုံထံ အညံ့ခံရန် ပြောလာချိန်၌ လေထုဖိအားသည် ပေါက်ကွဲထွက်သွားလေသည်။

"ဘာ...မင်းတို့က ငါတို့ကို... နို့နံ့မစင်သေးတဲ့ မဟာနတ်ဘုရားအဆင့် ၈ ကောင်လေးတစ်ယောက် ဆီမှာ...အညံ့ခံခိုင်းနေတာလား...သူ့ကို ငခင်လို့ ခေါ်ရမယ်တဲ့လား...မဖြစ်နိုင်ဘူး"

ချက်ချင်းဆိုသလို မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်း အဆင့် မဟာအကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ ဒဲ့ပဲ ပြောလိုက်မယ်...မဟာနတ်ဘုရားအဆင့် ၈ ကောင်လေးက ငါတို့ကို အညံ့ခံခိုင်းဖို့အတွက် ဘာမျာယ အရည်အချင်းရှိလို့လဲ...ဒါက စကြာဝဠာမှာ အကြီးမားဆုံး ဟာသပဲ ဖြစ်လိမ့်မယ်...ဒီလိုဆိုမှတော့...ငါက ဝိညာဉ်နတ်ဆိုးဂိုဏ်းကနေ ထွက်ခွာသွားတော့မယ်"

အခြားသော မဟာနတ်ဘုရားအဆင့် ၉ အစောပိုင်းအဆင့် မဟာအကြီးအကဲ တစ်ယောက်ကလည်း ဆန့်ကျင်လိုက်လေသည်။

မဟာအကြီးအကဲ မြောက်များစွာ က တူညီသည့် သဘောထား ရှိနေကြပြီး ခန်းမသည် ချက်ချင်းဆိုသလို ဆူညံသွားသည်။ အကြီးအကဲများကမူ တိတ်ဆိတ်နေပြီး အခြေအနေအရ လှုပ်ရှားရန် စီစဥ်ထားကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Unde poveștirile trăiesc. Descoperă acum