အပိုင်း (၂၃)

Bắt đầu từ đầu
                                    

" ဒါဖြင့် ဘာများလဲ ဖေဖေ "

" ဖေဖေ သိပ်ရှက်ပြီး သိပ်လည်း ဒေါသထွက်တယ်။ ဒါကြောင့် ကြားကြားချင်း ဖေဖေ မလာတာ။ မဟုတ်ရင် သိပ်ကို ဒေါသဖြစ်လွန်းလို့ ဖေဖေ တစ်ခုခုလုပ်မိသွားနိုင်တယ်။ သမီးကိုချစ်လို့ ဖေဖေ ဒီကနေ့မှလာခဲ့တာ။ သမီးကို သက်ဝေလို့မှည့်ပေးခဲ့တာကိုပဲကြည့်။ ဖေဖေ့အသက်လောက်ချစ်ရတဲ့ သမီးလေးဆိုတဲ့သဘောနဲ့ ပေးခဲ့တာ။ ဒါပေမယ့် အဲလိုချစ်ရတဲ့ သမီးက ပထမတစ်ခါ ရုပ်ရှင်မင်းသမီးလုပ်မယ်ဆိုတုန်းကလည်း ဖေဖေတို့တားတဲ့ကြားက ရအောင်လုပ်တယ်။ ဒီတစ်ခါလည်း အဲလိုလုပ်ဦးမယ်ဆိုတာ ဖေဖေသိတယ်။ ဒါပေမယ့် ဖေဖေတို့ကို ငဲ့ပါဦး။ သမီး သူ့ကိုချစ်တာထက် ဖေဖေတို့က အဆပေါင်းများစွာ သမီးကိုချစ်ခဲ့တာ။ သေချာပြန်စဉ်းစားပါဦး။ သမီးအမေကတော့ ဒေါသအလျောက်ပြောမိတာတွေရှိမယ်။ သူက မွေးထားတဲ့မအေလေ။ စိတ်ပူရှာမှာပေါ့ သမီးအပြစ်ပြောလို့မရဘူး "

" ဒါပေမယ့် ဖေဖေရယ်..."

" နေဦး ဖေဖေ့စကားမဆုံးသေးဘူး "

သက်ဝေ စကားလုံးများကိုမြိုချ၍ ဖေဖေဆက်ပြောမည့်စကားကို နားစွင့်လိုက်သည်။

" ဖေဖေတို့ ဘယ်လိုတားတား သမီးလက်မခံတော့ဘူးမလား။ သမီးဆုံးဖြတ်ချက်ကိုမပြင်ရင် ဖေဖေတို့ကပဲ တစ်ထစ်လျှော့ပေးရမှာပေါ့။ ဖေဖေတို့မှ သမီးကို ခွဲမနေနိုင်တာ။ ကဲ အခု သမီးသူ့ကိုချစ်တယ်မလား။ ဒါဖြင့် သမီးတို့ ခွဲနေကြည့်လိုက် "

" ရှင် "

" အမြဲအတူရှိနေလို့ ငြိတွယ်ကြတဲ့ သံယောဇဉ်ကို ထင်ယောင်ထင်မှားဖြစ်နေတာမျိုးဖြစ်နေမှာစိုးလို့ပါ။ သမီးတို့ တစ်လတန်သည် နှစ်လတန်သည် ခွဲနေလိုက်။ အဲတာပြီးအထိ သမီးတို့ ချစ်ခြင်းမပြောင်းလဲဘူးဆိုရင် ဖေဖေ လက်ခံပေးမယ် "

" တကယ်ပြောတာလား ဖေဖေ "

" ဖေဖေက လိမ်စရာလား ယောင်္ကျားပါကွ စကားတစ်ခွန်းကို အသက်နဲ့ထပ်တူတည်တယ် "

" သမီးတို့ဘယ်လောက်ထိခွဲနေရမှာလဲ "

" နောက်နှစ် ၂ လပိုင်းကုန်လောက်အထိပေါ့။ ၃ လပိုင်း သမီးလည်း လုပ်စရာရှိတယ်ဆို အဲ့ကျ ရန်ကုန်ပြန်ရင်းတွေ့ကြလေ "

ချစ်သက်ဝေNơi câu chuyện tồn tại. Hãy khám phá bây giờ