သူ့အရှိန်အဝါများက တဟုန်ထိုးမြင့်တက်လာပြီး ကျောင်းယုသည် အလင်းများဖြင့် လွှမ်းခြုံထားသော နတ်ဘုရားတစ်ပါးနှင့်တူလာသည်။
ကျောင်းယုကိ်ုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည့် စွမ်းအားများကြောင့်
နဂါးအဖွဲ့သားအာလုံး အံ့သြတုန်လှုပ်စွာဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လိုက်ကြသည်။

".... ပြန်လည်မွေးဖွားခြင်း ရွှေရောင် ယန်လက်ဝါးသိုင်း ...."

".... ကောင်းကင်နှင့်မြေကြီး ပြန်လည်မွေးဖွားခြင်း..."

".... ပြန်လည်မွေးဖွားခြင်း နိယာမ ...."

ကျောင်းယု၏ အကြည့်များက ပို၍ အေးစက်လာသည်။ ထိုနောက် ကျောင်းယုဆီက စွမ်းအားပြင်းထန်သော တိုက်ခိုက်မှုများ တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာသည်။
၎င်းတိုက်ခိုက်မှုများသည် ရွှေနဂါးတောင်ထိပ်ပေါ်သို့ စုပြုံပြီး ကျရောက်လာသည်။ မျက်စိကျိမ်းမတတ် ရွှေရောင်အလင်းတန်းများဖြင့် တောင်ကြီးတစ်ခုလုံး လင်းထိန်သွားသည်။ 

ထိုမြင်ကွင်းကိုကြည့်နေကြသူများ စိတ်ထဲ၌ သူတို့နေထိုင်သော ကမ္ဘာကြီးတစ်ခုလုံး ကျောင်းယု၏ ပြန်လည်မွေးဖွားခြင်း ရွှေရောင် ယန် လက်ဝါးသိုင်း လွှမ်းမိုးမှုအောက်တွင် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းအတွင်းသို့ ဆွဲသွင်းခံလိုက်ရပြီဟု ထင်ယောင်ထင်မှား ဖြစ်ကုန်ကြသည်။

မိုးကြိုးများ အလုံးလိုက်အရင်းလိုက် ပြစ်ချသလိုမျိုး ကျယ်လောင်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ကမ္ဘာကြီးကြီးလည်း အကြီးအကျယ် လှုပ်ခါသွားသည်။
ထိုနောက် တောက်ပသော ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်ကာ အဆက်မပြတ်ပေါက်ကွဲသံများလည်း ရပ်တန့်သွားသည်။

နဂါးအဖွဲ့သားများက အဝေးမှနေ၍ ချောင်းကြည့်လိုက်သည်။ ရွှေနဂါးတောင်ထပ်ပတ်လည်တွင် ကာရံပေးထားသည့်
မရေတွက်နိုင်သော ဓားချီအလင်းတန်းများ ပျောက်ကွယ်သွားတာကို မြင်တွေ့လိုက်ရသည်။
ဆယ်ကြိမ်သတ်ဓားဆယ်ချောင်းလည်း စွမ်းအားများ ကုန်ခမ်းသွားသည်နှယ် အရောင်မှိန်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Dove le storie prendono vita. Scoprilo ora