အပိုင်း - ၂၃

Începe de la început
                                    

"မင်းက..အရိုင်းအစိုင်းဖြစ်နေရုံတင်မကဘဲ လိင်အင်္ဂါကြီးပါဖြစ်နေမယ်လို့..မထင်ထားခဲ့မိဘူး"

နောက်ဆုံးစာသား၌ လေသံကို အမှန်တကယ် မထင်မှတ်ထားသည့်အသံမျိုး ပြောင်းလဲလိုက်တာကြောင့် သနားသည့်ဟန်ပန် ပေါက်သွားလေသည်။ဤသည်မှာ မှိုင်းဟန်မြခေတ်ကို ဒေါသထွက်စေသလို တစ်ချိန်တည်း၌ ခံရခက်စေ၏။ထိုအသံပိုင်ရှင်ကို ချက်ချင်း ပြေးထိုးလိုက်ချင်သော်ငြား သတိလွတ်၍မရသည့် လမ်းခရီးဖြစ်နေတာကြောင့် မှိုင်းဟန်မြခေတ်သည် စတီယာတိုင်ကို တင်းတင်းဆုပ်လျက် အံကိုကြိတ်ရုံသာ တတ်နိုင်လေသည်။

ဒေါသကိုဖိနှိပ်ကာ ခပ်ကျယ်ကျယ် တောက်ခေါက်လိုက်မိတော့ ညဉ့်ယံသွင်မှာ အနိုင်ရရှိသွားသည့် လူတစ်ယောက်နှယ် သူ၏နှုတ်ခမ်းထောင့်စွန်း တစ်ဖက်တည်းကိုသာ အပေါ်သို့ ကော့တက်စေသည်။ ထို့နောက် ကားပြတင်းပေါက် ဘောင်ပေါ်၌ တံတောင်ထောက်၍ လက်ဖမိုးပေါ်မေးတင်ရင်း အပြင်ဘက်ရှိ အခြေအနေများကို ညဉ့်ယံသွင် အကဲခတ်နေလိုက်တော့သည်။

ဤသို့ဖြင့် ခဏတာ အသက်ဝင်သွားသော အချိန်ကာလလေးမှာ စက္ကန့်ပိုင်းအတွင်း ပြန်လည်အေးစက်သွားရှာလေ၏။ သူတို့သည် အရုဏ်တက်ချိန်၌ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး တစ်နေကုန် မနားဘဲ မောင်းနှင်လာခဲ့ရာ ယခုဆိုလျှင် ည၈နာရီရောက်နေပြီဖြစ်သည်။သည်လောက် ကြာမြင့်နေပြီကိုပင် လမ်းခရီး၏တစ်ဝက်ခန့်မျှသာ ခရီးပေါက်သေးသည်ကို ကြည့်ခြင်းအားဖြင့် ထိုနေရာကို လူသိမခံစေချင်သဖြင့် ဝေးနိုင်သမျှ ခပ်ဝေးဝေး ဆောက်ထားမှန်း သိသာလှပေသည်။

မှိုင်းဟန်မြခေတ်သည် မိမိ၏ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်နေစဉ် ရင်းနှီးနေသည့်အသံတစ်သံကို ကြားလိုက်ရတာကြောင့် တုံ့ဆိုင်းခြင်းမရှိ၊ အရှိန်ကို ၃ဆနီးပါးမြှင့်တင်လိုက်ကာ မိမိ၏ပေါင်ပေါ်တွင် တင်ထားသော ပစ္စတိုကိုယူ၍ လက်ထဲ၌ အသင့်ပြင်ထားလိုက်သည်။ရုတ်ခြည်း မြင့်တက်သွားသည့်အရှိန်ကြောင့် ညဉ့်ယံသွင်သည် ဟန်ချက်ပျက်သွားပြီး ခေါင်းမှာ အရှေ့သို့ ငိုက်စိုက်ကျသွားရ၏။

မှိုင်းဟန်မြခေတ် {Hiatus}Unde poveștirile trăiesc. Descoperă acum