အချပ်ပို (၉)

3.2K 479 17
                                    

{Unicode}

အပိုင်းနှစ် - ဆူညံပါသည့် စားသောက်ဆိုင် (၃)

လီလော့သည် သွမ့်မင်ယန်၏ လက်ကို ပုတ်ထုတ်လိုက်ပြီး

" ဘာ​လဲ၊ ငါဆိုရင်ရော၊ မနာလိုဖြစ်လို့ မရဘူးလား "

" သဘောရှိပါ "

" ပျော်စရာလို့ ထင်နေတယ်ပေါ့လေ၊ ငါတော့ မကြည်ချင်တော့ဘူးနော် "

လီလော့သည် သွမ့်မင်ယန်ကို မျက်စိပြူးကာ ကြည့်လိုက်ပြီး

" ငါ့ကို နောက်တစ်ခါ ဂျေဝင်ရအောင် ထပ်လိုပ်ရင် အိမ်ပြန်ရောက်တဲ့အခါကျ အရေခွံနွှာပစ်မယ်၊ ဂရုစိုက်ပြီးတော့သာ နေပေတော့ "

" နောက်ဆုံးတစ်ခေါက်တုန်းကလိုလား "

သွမ့်မင်ယန်သည် စားမြုံ့ပြန်နေသည့်အလား။

" အဲ့လိုသာဆိုရင်တော့ အတော်လေး ကြမ်းတယ် ပြောရမယ်၊ ကိုယ့်အင်္ကျီပါ ပြဲသွားရုံတင် မကဘူး၊ ကျောမှာတောင် ကုတ်ရာတွေ အစင်းလိုက်ကြီး ကျန်ခဲ့တာ "

" မကြောက်ဘူးပေါ့လေ "

" ကြောက်ပါတယ် "

" ငါ ဘယ်လောက် ကြမ်းတယ်ဆိုတာ သိထားလိုက် "

သွမ့်မင်ယန်သည် လီလော့၏ မေးခွန်းမှန်သမျှကို အလိုလိုက် အကြိုက်ဆောင်ကာ ပြန်ဖြေပေးနေ၍ သူ့မှာ စိတ်ကျေနပ်ပြီး မြောက်ကြွမြောက်ကြွဖြစ်နေတော့သည်။ သူသည် သခင်က သူ့အမွှေးတွေကို ပွတ်သပ်ပေးသည်အား သဘောခွေ့နေသည့် ကြောင်ကလေးတစ်ကောင်နှယ် သခင်ဖြစ်သူအနား ပွတ်သီးပွတ်သပ်လုပ်နေ၏။ စိတ်ကျေနပ်သွားသည့်အခါ ခုတင်ပေါ် ပျင်းရိလေးတွဲ့စွာဖြင့် လှဲချလိုက်ပြီး

" မင်း အလုပ်တွေ ပြီးသွားပြီဆိုရင် ဒီနားလာပြီး အိပ်ရာကို နွေးအောင်လုပ်ပေးတော့ "

" ဘယ်လောက်အထိ နွေးချင်တာလဲ "

လီလော့သည် အနှီလေသံမှတဆင့် အရောင်စုံလင်သည့် အသံတွေကို ကြားမိလိုက်ကာ

" ရှုပ်ဖို့ မစဥ်းစားနဲ့၊ မင်းကို သတိပေးထားလိုက်မယ်၊ ဒီက နံရံတွေက ပါးပါဘိသနဲ့၊ ထူးထူးဆန်းဆန်း အသံတစ်သံတောင်မှ အနားက လူတွေကို မကြားသွားစေချင်ဘူး၊ ပြီးတော့လည်း ငါ ဒီနေ့ အရမ်းပင်ပန်းနေပြီ၊ နက်ဖြန်ကျမှ ဆက်ပြောကြရအောင် "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now