အချပ်ပို (၃)

4K 562 12
                                    

{Unicode}

အပိုင်းတစ် - မိုးမသောက် မှောင်မိုက်အရိပ် မပြေးမီ (၃)

တစ်ပတ်ကျော်ကျော်မျှ အကြာတွင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတွေက သက်သာလို့လာသည်။ ကံကောင်းထောက်မစွာဖြင့် အားလုံးလိုလိုမှာ ပြင်ပဒဏ်ရာလောက်သာဖြစ်ကြသည်။ ထိုသူတွေသည် အမိန့်အရ လူကို ရိုက်နှက်ကြသည့်တိုင် သေသည့်အထိမူကား လုပ်ဝံ့ကြဟန်မရှိချေ။ ထို့အပြင် ထိုသူတို့သည် သူတို့လက်ရည်အပေါ် ကောင်းစွာထိန်းချုပ်နိုင်သူများဖြစ်ကြရာ အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်သရွေ့ အဆင်ပြေသွားမည်ဖြစ်ပါ၏။

သို့သော်ငြား သူ၏ ဆေးဖိုးဝါးခကမူ မျှော်လင့်ထားသည်ထက် ပိုစျေးကြီး၍နေပြီး ဆေးရုံက ဆင်းလာချိန်တွင် သွမ့်မင်ယန်အဖို့ အတော့ကို ကျပ်တည်းကာ သွားရသည်။

ထိုသူသည် သူ့ဆီ ထပ်မံရောက်ရှိလာပြီး တောင်းပန်စကားဆိုသည်။ သားအကြီးဖြစ်သူမှာ ငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရ၍ စိတ်အနည်းငယ်ကြီးတတ်ကြောင်း၊ ကျသင့်သည့် ဆေးဖိုးဝါးခများအတွက် အကုန်ကျခံပေးမည်ဖြစ်ပြီး ခွင့်လွှတ်ပေးဖို့ရန် တောင်းဆိုလာသည်။

ထို့နောက်တွင်ကား သူနှင့်အတူ အိမ်ပြန်လိုက်ခဲ့ရန်အတွက် နားချလာပြန်၏။

သွမ့်မင်ယန်သည် သူ့ ရှေ့ရှိ လူလတ်ပိုင်းအရွယ် လူကြီးကို အေးစက်စွာပင် စိုက်ကြည့်နေမိရင်း တစ်ညတုန်းဆီက လူတစ်ယောက်ကို ရိုက်နှက်နေသည့် လီလော့၏ ပုံစံကို သူ့စိတ်ထဲ ပြန်မြင်ယောင်နေမိသည်။

ငယ်စဥ်ကတည်းက အလိုလိုက်ခံထားရသည့် သခင်လေးတို့၏ ထုံးစံအတိုင်း စိတ်ထဲ နည်းနည်းလေး အကြိုက်မတွေ့သည်နှင့် လူတွေကို ရိုက်နှက်အကြမ်းဖက်သည့်ပုံစံကအစ အတူတူပင်။ သို့ပါလျက်နှင့် သူ့စိတ်ထဲတွင် တစ်ယောက်က ရိုင်းစိုင်း၍ မုန်းတီးစရာကောင်းပြီး အခြားတစ်ယောက်ကိုမူ ထိန်းသိမ်းရမလွယ်ကူသည့် သားကောင်ပေါက်လေးဟု မြင်မိသည့်အပြင် မဆိုစလောက်လေးပင် ချစ်ဖို့ကောင်းနေသေး၏။

အဆုံးတွင်ကား ထိုလူကြီးသည် သူ့ကို နားမချနိုင်ခဲ့။ အားမလိုအားမရဖြစ်နေသည့် လေသံဖြင့်

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now