(၄၂)

6.6K 852 69
                                    

{Unicode}

အခန်း(၄၂)

အစည်းအဝေး ကျင်းပလိုက်သည်မှာ နေ့ခင်းတစ်ပိုင်းလုံး အချိန်ကြာသွား၏။

အစည်းအဝေးတွင် အမေးအဖြေလုပ်ရမည့် ခေါင်းစဥ်များအတွက် ကော်မရှင်ကုမ္ပဏီများမှ ဇာတ်ညွှန်းစီစဥ်ထားပေးပြီးဖြစ်သည်။ ဖြေကြားရမည့်သူသည် ဇာတ်ညွှန်းအတိုင်း မှန်ကန်စွာ မှင်သေသေနှင့် လုပ်ဆောင်မည်ဆိုပါလျင် မလိုလားအပ်သည့် အငြင်းပွားဖွယ်ရာ အတွေးများကို ဖြစ်ပေါ်စေမည် မဟုတ်တော့ပေ။ ဖြည့်စွက်ချက်အနေဖြင့် ဖန်များကို ဖျော်ဖြေမှုပေးရန်အတွက် အသေးစားဂိမ်းများ ကြိုကြားကြိုကြား ထည့်ပေးထားသည်။ အပြိုင်သရုပ်ဆောင်နှစ်ဦး မျက်နှာချင်းဆိုင် ရပ်ကာ တစ်ဦးနှင့်တစ်ဦး လက်ဝါးချင်းဆိုင်ပြီး တွန်းထုတ်ရမည်။ စည်းဝိုင်းအတွင်းမှ ဦးဆုံးတွန်းထုတ်ခံရသူသည် ဂိမ်းမှ ထွက်ရမည်ဖြစ်၏။

အစောပိုင်းတွင် လီလော့မှာ အတည်ပေါက်ကြီး ဆော့နေခဲ့သော်ငြား ဇာတ်ညွှန်းအရ လျိုယွိယန်က သူ့ကိုယ်ပေါ် ရုတ်တရက်ကြီး တွန်းထိုးလာသည့်အချိန်တွင် သူသည်လည်း ပြုံးကာရယ်ကာနှင့် စည်းဝိုင်းအပြင်ဘက်ဆီ လှဲချလိုက်ရတော့သည်။ တမင်သက်သက် အလျော့ပေးလိုက်သည်မှန်း လူတကာကပင် ကွင်းကွင်းကွက်ကွက် မြင်တွေ့သွားနိုင်သည်။ သူတို့နှစ်ဦး၏ CP ဖန်များမှာ သို့လောသို့လော အမေးပွားဖွယ်ရာ အပြုအမူလေးကြောင့်ပင် သံကုန်ခြစ်၍ အော်ဟစ်ကုန်ကြတော့သည်။ သို့တိုင်အောင် ထိုအကြောင်းအရာသည် အင်တာနက်တခွင် ပြဲပြဲဆင်သည်အထိ ဆွေးနွေးငြင်းခုန်ကြသည့် အဆင့်အထိမူ မရောက်နိုင်ရှာပေ။

ကားပေါ်မှအဆင်း သွမ့်မင်ယန်၏ လက်ကို ဖမ်းကိုင်လိုက်ကတည်းက နှစ်ဦးသား၏ အသေးစိတ်ကျသည့် လှုပ်ရှားမှု ပုံရိပ်များအား ဖန်အများနှင့် သတင်းဌာနအသွယ်သွယ်မှ သတင်းထောက်များက ရိုက်ကူးထားမိပြီးဖြစ်သည်။ ထိုအ​ချင်းအရာမှာ အင်တာနက်ပေါ် ရောက်သွားသည်နှင့် သူတို့နှစ်ဦးမှာ ရှာဖွေမှုဇယား၏ ထိပ်ဆုံးတွင် ဝက်ဝက်ကွဲ နေရာယူသွားတော့၏။ အင်တာနက်သုံးစွဲသူများအကြားတွင်လည်း အပြင်းအထန် ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဥ်တစ်ခု ဖြစ်၍သွားတော့သည်။

After Dawn{မြန်မာဘာသာပြန်}Место, где живут истории. Откройте их для себя