(၂၈)

6.3K 877 16
                                    


{Unicode}

အခန်း(၂၈)


ခန်းမထဲတွင် လင်းလက်သည့် မီးအလင်းရောင်များ ပြိုးပြက်ယှက်နွယ်ကာ ထွန်းလင်းလျက်ရှိပြီး ပွဲကို တက်ရောက်လာကြသည့် လူတိုင်း ပျော်ရွှင်ရယ်မောလို့နေကြသည်။ ဤနေရာကွက်ကွက်လေး တစ်ခုတည်းတွင်သာ ပွဲ၏ ပုံရိပ်နှင့် ကွဲထွက်လျက်ရှိတာဖြစ်ပါ၏။

သို့သော်ငြား တိတ်ဆိတ်သွားခြင်းက ခေတ္တမျှသာ။

သွမ့်ရှင်းယဲ့သည် ခွက်ထဲမှ ဝိုင်ကို တစ်ကြိုက် မော့သောက်လိုက်သည်။ ပြီးမှ တည်ငြိမ်စွာနှင့်

"ဟုတ်လား .. သူက ဘာလုပ်ထားလို့လဲ ?"

"စာချုပ်သက်တမ်း အဆုံးသတ်ချင်တဲ့ အနုပညာရှင်တစ်ယောက်ကို အကွက်ဆင်ချောက်ချတာရယ် .. အခွန်ရှောင်တာရယ် .. ပြီးတော့ ညှီနံ့ထွက်နေတဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေရယ်"

သွမ့်မင်ယန်သည် အကိုဖြစ်သူ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ဆက်ပြောသည်။

"အကိုက သူနဲ့ အရမ်းကို နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာ မဟုတ်လား .. အဖေ့ဆီမှာတောင် သူ့အတွက် ထောက်ခံပေးခဲ့သေးတာလေ .. ဒါပေမဲ့လည်း ပြဿနာမဖြစ်အောင်လို့တော့ သတိထားမှရမယ်ထင်ပါရဲ့"

သွမ့်ရှင်းယဲ့သည် ပြုံးလိုက်ကာ

"ခိုင်လုံတဲ့ အထောက်အထားတွေဖြင့် ဘာမှ မရှိဘဲ သူက ဘာကိစ္စ အပြစ်ဒဏ်ကျခံရမှာတဲ့လဲ .. အထင်လွဲစရာ တစ်ခုခုရှိနေတာလည်း ဖြစ်နိုင်တာပဲ .. ပြီးတော့ ငါတောင် ဘာသတင်း အစအနမှ မကြားရသေးတဲ့ဟာ .. မင်းက ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ ?"

"သက်သေအထောက်အထား ရှိတယ် မရှိဘူးဆိုတာ ကျွန်တော်ကတော့ မသိဘူးပေါ့လေ .. ဒါပေမဲ့ ကျန်းမိသားစုရဲ့ သခင်လေးကတော့ ကိစ္စတွေကို ပြီးစလွယ်ကိုင်တွယ်တတ်တဲ့သူ မဟုတ်ဘူးပဲ"

ထိုစကားကို ကြားလိုက်ရသည်နှင့် သွမ့်ရှင်းယဲ့မျက်နှာထက်ဆီမှ အပြုံးခပ်ကြော့ကြော့သည် ပျောက်ကွယ်ကာသွား၏။

"ကျန်းလျို့ရှဲန်းလား .. ကျောက်ကျင့်ဟွာက ဘာကိစ္စကြောင့်နဲ့ ကျန်းသခင်လေး မျက်စိစူးစရာ လုပ်မိမှာမှာမို့ .. ?"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now