(၉)

6.6K 970 68
                                    


{Unicode}

အခန်း(၉)



ပြောထွက်ပြီးသွားသည့်ခဏ လီလော့သည် သူ့ကိုယ်သူ မရေမရာနှင့် ယုံကြည်ချက်မရှိတော့သကဲ့သို့ ခံစားလိုက်ရပြန်သည်။

တစ်ကယ်ဆိုလျင် သူ့တွင် ကြိုတင်စဥ်းစားထားသည့် အစီအစဥ် တစ်ခုမှ ရှိမနေ။ ညစာစားပွဲမှ စိတ်လိုက်မာန်ပါ ထွက်လာပြီးနောက် အေးမြသည့်လေကို ရှူရှိုက်ပြီးသွားသည့်အခါ နည်းလမ်းတစ်ခုကို စဥ်းစားမိလိုက်၏။

နှစ်တွေ အတော်ကြာသွားသည့်တိုင် သူ့အဖေကိစ္စတွေနှင့် ပတ်သက်ပြီး ကျေလည်အောင် မဖြေရှင်းနိုင်သေးပေ။ ကြိုးစားပမ်းစားနှင့် လမ်းကြောင်းတစ်ခုကို ရှာတွေ့ချိန်တွင် သွမ့်မင်ယန်၏ ပိတ်ဆို့ခြင်းကို ခံရပြန်သည်။ Endorsement ကို လက်ခံချင်ရသည့် အကြောင်းအရင်းကို သွမ့်မိသားစုဘက်က ရိပ်မိသွားခဲ့၍ ဤသို့ လုပ်လာသည်ဆိုလျင်တော့ ရှေ့ဆက်ပြီး ရွေ့ရမည့်အကွက်တွေအတွက် သေချာလေး ပြင်ဆင်မှရတော့မည်။

သို့ဖြစ်သည်ကြောင့် ကိစ္စတွေကို ဆက်ပြီး အချိန်ဆွဲနေ၍လည်း မရပြန်ပေ။ သွမ့်မင်ယန်ဆိုသည်က သူ့အပေါ် အကျပ်ကိုင်သည့် သဘောဆောင်လာလျင် လုံးဝမှ လက်မခံတတ်သည့်သူဖြစ်သလို လီလော့ကလည်း အလျော့ပေးမပေးတတ်။ ရှေ့မတိုးသား နောက်မဆုတ်သာနှင့် တင်းခံနေမည်ဆိုလျင် မည်သည့်အကျိုးရလဒ်မှ ထွက်လာမည်မဟုတ်ကြောင်းကလည်း သိသာနေ၏။

ကံကောင်းသည်မှာ သွမ့်မင်ယန်သည် သွမ့်မိသားစု၏ ထိန်းချုပ်မှုအောက် အလုံးစုံ ကျရောက်နေခြင်း မရှိတာပင်ဖြစ်သည်။ ယခုအခြေအနေနှင့်ဆိုပါလျင် သူတို့နှစ်ဦး ပူးပေါင်းလိုက်ခြင်းက သာ၍ အဆင်ပြေသွားနိုင်သည်။

သူ အလိုရှိသည့် ပန်းတိုင်ကလည်း သွမ့်မိသားစုနှင့် နီးကပ်သည့် အနေအထားတစ်ခုအထိ ရောက်ဖို့ရာပဲဖြစ်သည်။ ပြောရမည်ဆိုလျင် သူ သွားရမည့် လမ်းကြောင်းက ပိုလို့တောင် မြန်သွားသေး၏။

"ဒီလိုဆိုရင်တော့ အရမ်းကို အံ့ဩစရာပါလား .. Mr.လီ"

သွမ့်မင်ယန်သည် နောက်ပြန်လှည့်လာကာ

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now