(၁၇)

6.5K 882 22
                                    


{Unicode}

အခန်း(၁၇)


မိုးကုပ်စက်ဝိုင်းဆီ မေးတင်လို့နေပြီဖြစ်သည့် နေမင်းကြီး၏ ညနေခင်း အလင်းရောင် အကြွင်းအကျန်လေးသည် မြို့ပြ၏ ထွက်ပေါ်လာစ ကျိုးတိုးကျဲတဲ မီးရောင်တွေနှင့်အပြိုင် ဟိုတစ်စက်ဒီတစ်စက် ပျံ့ကျဲတောက်ပနေပုံမှာ ရေဆေးပန်းချီတစ်ချပ်သဖွယ် လှပလို့နေသည်။

ခပ်ငြိမ့်ငြိမ့်တိုက်ခတ်နေသည့် လေ​ပြည်ညင်းလေးသည် ရိုက်ကွင်းတစ်နေရာဆီမှ တစ်ယောက်သောသူဆီ မထိတထိလေး ပြေးလွှားယှပ်တိုက်ကာသွားသည်။ ပိုးသားအလား နူးညံ့ပျော့ပျောင်းသည့် ဆံနွယ်တွေသည်ကား လေနှင့်အတူ တလွှင့်လွှင့်။ မီးအလင်းရောင်သည် ထိုသူ၏ သွယ်လျသည့်ကိုယ်နေဟန်ထားကို လှစ်ဟပြနေသလို မီးရောင်ခပ်ပါးပါး ကျရောက်ပြန်သည့်အခါများတွင်လည်း ထိုသူ၏ ရီဝေဝေမျက်ဝန်းအကြည့်နှင့် မပွင့်တစ်ပွင့် နှုတ်ခမ်းလွှာတွေက တစ်မူထူးခြားသည့် စွဲဆောင်မှုတွေကို ထုတ်လွှတ်ပြန်သေး၏။

ဖြတ်ခနဲ ဖြတ်ခနဲ ရိုက်ချက်တွေနှင့်အတူ ကင်မရာရှပ်တာပေါက်သည် ဖွင့်လိုက်ပိတ်လိုက် ရပ်စဲခြင်းမရှိ ပုံတွေကို မနားတမ်း ဖမ်းယူနေသည်။ စိတ်တိုင်းကျ ရိုက်ယူပြီးသည့်အဆုံး ဓာတ်ပုံဆရာသည် အိုကေဟူသည့် လက်အမူအရာ လုပ်ပြလာ၏။

"သိမ်းကြရအောင်ဟေ့"

နောက်ဆုံးတော့ ကြော်ငြာဓာတ်ပုံရိုက်ကူးခြင်း အမှုကိစ္စ အပြီးသတ်သည့်နေ့ရောက်ခဲ့ပြီ။ လီလော့သည့် တန့်လျန် ကမ်းပေးလာသည့် အနက်ရောင်ကုတ်အင်္ကျီရှည်ကို သူ့ကိုယ်ပေါ် လွှမ်းခြုံလိုက်ကာ လှေကားအတိုင်း ဆင်းလာသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်လေတိုင်း ကုတ်အင်္ကျီရှည်စွန်းသည် တစ်ဖျတ်ဖျတ် ဝှဲခါသွား၏။ သူ၏ မျက်လုံးအစုံသည်လည်း ရဲရဲနီလျက်ရှိကာ အေးစက်ခက်ထန်သည့် အငွေ့အသက်တွေ ပြည့်နှက်လို့နေသည်။

အဆင့်အတန်းမြင့်မားသည့်ဟန်နှင့် အန္တရယ်ပြုနိုင်သည့် အရိပ်အယောင်တွေ ရောထွေးသွားသည့်အခါ လီလော့သည်ကား လအလင်းရောင်အောက်တွင် သူ၏ သားကောင်ကို ရှာဖွေနေသည့် ဗန်ပိုင်းယားတစ်ကောင်အလား တူနေသေးတော့၏။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now