(၂၇)

7K 902 14
                                    


{Unicode}

အခန်း(၂၇)

ထိုညအဖို့ လီလော့မှာ ကောင်းကောင်းအိပ်မပျော်။ အိပ်မပျော်ရသည်က ထိခိုက်ခံထားရသည့် ကိုယ်ခန္ဓာကြောင့်လည်းဖြစ်နိုင်သလို သွမ့်မင်ယန်၏ အိမ်တွင် အိပ်နေရသည်ဆိုသည့် အသိကြောင့် စိတ်ချလက်ချ အိပ်မပစ်လိုက်နိုင်သည်ကလည်း တစ်ကြောင်းပါသည်။

နောက်တစ်ရက် မနက်တွင်ကား တစ်ကိုယ်လုံး အနည်းငယ်နာကျင်နေခြင်းနှင့်အတူ လည်ပင်းဆီမှ အေးစက်စက်အထိအတွေ့ကြောင့် အိပ်ရာမှ နိုးလာ၏။

ခပ်တိုးတိုး စကားပြောသံ တစ်သံကို ကြားလိုက်သည့်ခဏ လီလော့သည် မျက်လုံးမဖွင့်ချင်ဖွင့်ချင်နှင့် အသံလာရာဘက်ဆီ လှည့်ကြည့်လိုက်သည့်အခါ အသက်အတော်ရနေပြီဖြစ်သည့် လူအိုကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူအိုကြီးသည် ခုတင်ဘေးနားတွင် ရပ်လျက်သားနှင့် လီလော့၏ ကျောပြင်ကို ဆေးပလာစတာ ကပ်ပေးနေသည်။ သူ့ဘေးနားတွင် လီလော့၏ အင်္ကျီစကို လှန်ပေးကာ အခြားလက်တစ်ဖက်နှ ဆံပင်တွေကို စုကိုင်ပေးထားသူမှာကား သွမ့်မင်ယန်ပင် ဖြစ်တော့သည်။

လီလော့သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ စကားဆို၏။ သူ့လေသံမှာ နိုးကာစဖြစ်၍ အနည်းငယ် ကြမ်းရှလို့နေသည်။

"ဘယ်လိုဖြစ်လို့ Mr.သွမ့်က ခုလို မနက်အစောကြီးမှာတောင် သူများကို တိုက်ခိုက်ဖို့ ကြိုးစားချင်နေရတာလဲ ?"

"မင်း အိပ်ရာထတာကိုက အရမ်းနောက်ကျနေပြီ .. ဆရာ ရောက်နေတာ အစောကြီးကတည်းက .. ဒါပြီးရင် နောက်ထပ်လုပ်စရာတွေလည်းရှိသေးတယ် .. ဆရာ့အချိန်တွေကို အလကား မဖြစ်စေနဲ့"

"ဒါဖြင့်လည်း မင်း ငါ့ကို နိုးလိုက်လို့ရသားပဲ ... "

လီလော့သည် သွမ့်မင်ယန်ကို မချိုမချဥ်ပြုံး၍ ကြည့်ကာ စကားကို ဆက်သည်။

"ဘာလို့ .. မနှိုးရက်လို့လား ?"

"Mr.လီမှာ ခုလို ကျီစယ်နောက်ပြောင်ဖို့ အားရှိနေသေးတယ်ဆို အခြေအနေ မဆိုးဘူးပဲ .. ဒီလိုဆိုမှတော့ ခုည ကျင်းပမဲ့ ပါတီပွဲကို ဘာဝတ်သွားရင် ကောင်းမလဲဆိုပြီး စဥ်းစားထားလိုက်ပါဦး"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now